« မာတိကာ အမှာစာ အခန်းကြီး ၁ ၂ ၃ Next »
သက်သာလောနိတ် ဩဝါဒစာ ဒုတိယစောင်
2 Thessalonians
အမှာစာ
သက်သာလောနိတ် သြဝါဒစာ ဒုတိယစောင်ကို ရေးရခြင်းမှာ ယေရှုခရစ်တော် ဒုတိယအကြိမ် ပြန်လည်ကြွလာမည့် အကြောင်းနှင့် ပတ်သက်၍ မရှင်းလင်သော အချက်များကို ထပ်မံရှင်းပြရန် ဖြစ်၏။
သက်သာလောနိတ် သြဝါဒစာ ပထမစောင် ရေးပြီး မကြာမီလပိုင်း အတွင်းတွင် ဖြစ်၏။
သက်သာလောနိတ် အသင်းတော်တွင် ခရစ်ယာန်တို့အား ညှဉ်းပန်းနှိပ်စက်မှု တိုးတက်လာသည် ဖြစ်၍ ခရစ်ယာန်တို့လည်း ထိုသို့ ဖြစ်ရခြင်းသည် ခရစ်တော် တဖန်ကြွလာရန် အလွန်နီးကပ်သည့် သဘောကို ပြသည်ဟု ယူဆကြပြီး အလုပ်အကိုင်ကို ကြိုးစားလုပ်ကိုင် လိုစိတ်ထက် ခရစ်တော် ကြွလာမည့်ရက်ကို ထိုင်၍ စောင့်နေကြသူများ ရှိနေ၏။
ထို့ကြောင့် ဤဒုတိယစာတွင် ရှင်ပေါလုက ယေရှုခရစ်တော် ဒုတိယအကြိမ် ကြွလာတော်မူမီ ရှေ့ပြေး နိမိတ်လက္ခဏာများကို ရှင်းလင်းဖော်ပြရ၏။
ပထမစာကဲ့သို့ပင် ကောရိန္တုမြို့မှ ရေးလိုက်ခြင်းဖြစ်သည်။ ပထမစာသည် ခွန်အားပေးသော စာဖြစ်ပြီး၊ ဒုတိယစာသည် မှားယွင်းသော နားလည်မှုကို ပြင်ဆင်ရန် ဖြစ်သည်။