❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁

၁း၁၉ ယဇ်ပုရောဟိတ် (Priest) နှင့် လေဝိ (Levites) လူတို့သည် ယေရုရှလင်မြို့ (Jerusalem) ၌ လေးစားခြင်းကို ခံရသော သာသနာ ခေါင်းဆောင်များဖြစ်သည်။ ယဇ်ပုရောဟိတ်မ တို့သည် တဲတော် (Tabernacle) ၌ လုပ်ဆောင်ဖွယ်ရာများကို လုပ်ကိုင်ရပြီး လေဝိလူတို့သည် ယဇ်ပုရောဟိတ်တို့ကို ကူညီပေးသည်။ ယောဟန် (John) ကို လာရောက်တွေ့ဆုံသော ယဇ်ပုရောဟိတ်များသည် နှစ်ခြင်းဆရာ ယောဟန်နှင့် ယေရှုတို့က မကြာခဏ ငြင်းပယ်ခြင်းကို ခံခဲ့ရသောသူများ ဖြစ်ကြသည်။ ထိုသူတို့သည် ဘုရားသခင်၏ ပညတ်တော်တို့ကို လူမြင်ကောင်းရန် အပြင်ပန်းအားဖြင့် လိုက်လျှောက်ကြသော်လည်း သူတို့၏ အတွင်းစိတ်၌ မူကား ဂုဏ်ယူဝင့်ကြွားမှု၊ မနာလိုမှု တို့ဖြင့် ပြည့်လျက်ရှိသည်။ ယဇ်ပုရောဟိတ်တို့သည် သူတို့ နှုတ်မြွက် ထားသော တရား ဥပဒေသများအား ဘုရားသခင်၏ ပြောကြားခဲ့သော စကားများကဲ့သို့ပင် အရေးကြီးသည်ဟု ယူဆခဲ့ကြသည်။

ထိုသာသနာ့ခေါင်းဆောင်များသည် ယောဟန်ထံသို့ လာရောက်တွေ့ဆုံရသော အကြောင်းမှာ

(က) သူတို့သည် ယုံကြည်ချက်ကို စောင့်ထိန်းကာကွယ် ပေးရမည့်သူများ ဖြစ်သောကြောင့် အသစ်သော သင်ကြားချက်များကို စုံစမ်းစစ်ဆေးလို၍ ဖြစ်သည် (တရား ၁၃း၁-၅၊ ၁၈း၂၀-၂၂)။

(ခ) ယောဟန်၌ ပရောဖက်တစ်ပါး ရှိသင့်သည့် အရည်အသွေး ရှိမရှိ

(ဂ) ယောဟန်၏ နောက်လိုက်သောသူများ တစ်နေ့ထက်တစ်နေ့ တိုးပွားလာခြင်းတို့ ဖြစ်သည်။

ပရောဖက်တို့သည် ယောဟန်အား မနာလိုဖြစ်ပြီး ယောဟန်သည် အဘယ်ကြောင့် ကျော်ကြားနေရသည်ကို သိလို၍ဖြစ်သည်။

Continue… »»


❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.