❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၁၈
၁၈း၂-၅ ဤဧည့်သည် (၃) ဦးအား အာဗြဟံသည် ဧည့်ဝတ်ပြုရန် စိတ်ထက်သန်ခဲ့သည်။ လောတ (Lot) လည်း ထိုသို့ လုပ်ဆောင်ခဲ့သည် (၁၉း၂)။ အာဗြဟံ အချိန်ကာလ၌ လူတစ်ဦး၏ ဂုဏ်သိက္ခာသည် သူ၏ ဧည့်ဝတ် ကျေပြွန်မှုအပေါ်၌ တည်သည်။ ယင်းတွင် အိမ်၌ နေစရာပေးခြင်း၊ အစားအသောက် ကျွေးမွေးခြင်းတို့ ပါဝင်သည်။ တစ်စိမ်း ဧည့်သည်များကို ပင်လျှင် အထူး ဂုဏ်ပြုထိုက်သော သူကဲ့သို့ ပြုမူဆက်ဆံသည်။ အခြားသူတစ်ဦးအား စားသောက်စရာပေးခြင်း၊ နေထိုင်ရန် နေရာပေးခြင်းတို့သည် ဘုရားသခင်အား ချက်ခြင်း လက်တွေ့ကျကျ နာခံခြင်းဖြစ်သည်။ ပေါင်းသင်းဆက်ဆံ မှုကို တည်ဆောက်ခြင်းလည်း ဖြစ်သည်။ ဟေဗြဲ ၁၃း၂ ၌ ဖေါ်ပြထားသည့်အတိုင်း ကျွန်ုပ်တို့သည် အာဗြဟံကဲ့သို့ ကောင်းကင်တမန်များအား ပြုစုရသော အချိန်ရှိနိုင်သည်။ တစ်စိမ်း ဧည့်သည်တို့အား ပြုစုရသော အခွင့်အရေးများ ရှိလာသောအခါများတွင် ထိုအတွေးအခေါ်သည် ကျွန်ုပ်တို့၏ စိတ်တွင်း၌ ရှိရန်လိုအပ်သည်။
❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ၅၀ ဒေသနာကျမ်း Next ❯