ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၉
သင်ခန်းစာ (၁)
သက်သာလောနိတ်သြဝါဒစာ ပထမစောင်
1 Thessalonians
မည်သူက ဤစာစောင်ကိုရေးခဲ့သနည်း၊ အဘယ်ကြောင့်ရေးရသနည်း
စာရေးသူ –
တမန်တော်ကြီးရှင်ပေါလု (Apostle Paul) က နှိပ်စက်ညှင်းပန်းမူ များစွာခံရကာ ရုန်းကန်နေရသော အသင်းတော်သစ်ကလေးသို့ ဤသြဝါဒစာကို ရေးသားလိုက်ခြင်းဖြစ်သည်။ ဤနုနယ်သော ခရစ်ယာန်များအတွက် အလွန်ကြောင့်ကြ စိုးရိမ်သောကြောင့် အားပေးရန် တိမောသေ (Timothy) ကို သက်သာလောနိတ်မြို့ (Thessalonica) သို့ ပေါလု စေလွှတ်ခဲ့၏။ သက်သာလောနိတ် အသင်းတော်သည် အခြေအနေကောင်းကြောင်း သို့ရာတွင် သေဆုံးသွားသော ယုံကြည်သူများနှင့် ပါတ်သက်၍ ဝမ်းနည်းမှုများ၊ နားမလည်မှုများ၊ ရှုပ်ထွေးမှုများ ရှိနေကြောင်း ဆိုသည့်သတင်းကို တိမောသေက ယူခဲ့၏။ ထိုအခါ ပေါလုက ခရစ်တော် ပြန်ကြွလာခြင်းနှင့် ပါတ်သက်သော သွန်သင်ချက်များကို ထပ်မံပေးလိုက်ပြီး ၎င်းတို့အပေါ်တွင် စိတ်ဝင်စားလျက် ဆုတောင်းပေး နေကြောင်းနှင့် အသက်တာကို တန်ဖိုးရှိစွာ အသက်ရှင်ကြပါရန် တိုက်တွန်းရေးသားခဲ့သည်။ အေဒီ ၅၁ သို့မဟုတ် ၅၂ ခုနှစ်တွင် ကောရိန္တုမြို့ (Corinth) မှ ရေးလိုက်ဟန်တူသည်။
အဓိက အကြောင်းအရာ –
ခရစ်တော်ပြန်ကြွလာမည်ကို စောင့်မျှော်လျက် ဘုရားဝတ်၌ မွေ့လျော်၍ အသက်ရှင်ပါ။
စာစောင်တစ်ခုလုံးကို ခြုံငုံလေ့လာခြင်း
ဤစာစောင်၏ သွန်သင်ချက်တခုလုံးကို ခြုံ၍နားလည်လျှင် အခန်းငယ် တခုစီကို လေ့လာသောအခါ ပို၍အဓိပ္ပါယ်ပေါက်မည်။ စာစောင် တစ်ခုလုံးကို တစ်ကြိမ်၊ နှစ်ကြိမ် ခန့်ဖတ်ပါ။ တထိုင်တည်းနှင့် တစ်ကြိမ်ပြီးအောင်ဖတ်ပါ။ ဖတ်စဉ်တွင် အခန်းကြီးတစ်ခုစီမှ ဘုရားဝတ်၌ မွေ့လျော်၍ အသက်ရှင်ရန် တိုက်တွန်းနှိုးဆော်ထားသော ကျမ်းပိုဒ်များနှင့် ခရစ်တော်၏ ဒုတိယအကြိမ် ကြွလာခြင်း- ကို ညွှန်းထားသော ကျမ်းပိုဒ်များကို အောက်တွင်ရေးပါ။ အဓိကအချက်များကိုလည်း ရေးပါ။
ဒုတိယအကြိမ် ကြွလာခြင်းဆိုင်ရာ ကျမ်းပိုဒ်များ | အဓိကအချက်များ |
___________________ ___________________ ___________________ | ___________________ ___________________ ___________________ |
ဘုရားဝတ်၌ မွေ့လျော်ခြင်းဆိုင်ရာ ကျမ်းပိုဒ်များ | အဓိကအချက်များ |
___________________ ___________________ ___________________ | ___________________ ___________________ ___________________ |