« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၁၁

သင်ခန်းစာ (၆)

ဖိလိပ္ပိသြဝါဒစာအကျဉ်းချုပ်

လက်တွေ့အသုံးပြုချက်

သင်၏ကျမ်းစာ လေ့လာခြင်းတွင် ဤအပိုင်းသည် တန်ဖိုးအရှိဆုံး အပိုင်းဖြစ်သည်။ သင့်လိုအပ်ချက်ကို တွေ့ထိ ဖေါ်ပြခဲ့သော ကျမ်းတပိုဒ် (သို့) ကျမ်းပိုဒ်များကို ဆုတောင်းလျှက် ရွေးချယ်၍ လက်တွေ့ ကျင့်သုံးရန် ရည်ရွယ်ချက်ဖြင့် ရေးမှတ်ထားပါ။ သင်လက်တွေ့ ကျင့်သုံးရန် အချက်သည် သင်နှင့် ဘုရားသခင်၏ ဆက်သွယ်မှုနှင့် သက်ဆိုင်ကောင်း သက်ဆိုင်နေမည် (သို့မဟုတ်) သူတပါးနှင့် ဆက်သွယ်မှု၌ သက်ဆိုင်ကောင်း သက်ဆိုင် နေမည်။ စတင်ပြုစု ပျိုးထောင်ပေးရန် (သို့) ပြောင်းလဲပစ်ရန် လိုအပ်သော သဘောထားနှင့် ပတ်သက်ကောင်း ပတ်သက်နေမည်။ (သို့မဟုတ်) အကျင့်တခုကို စတင်ပြုလုပ်ပေးရန် (သို့) ဖျောက်ဖျက်ပစ် ရန်လည်း ဖြစ်ချင်ဖြစ်မည်။ အလေးထား ဆောင်ရွက်ရမည့် အမှု (သို့) ရှောင်ကြဉ်ရမည့် အမှုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

လက်တွေ့ အသုံးပြုချက် ရေးသားရာတွင် ရှင်းလင်းမှု ရှိရန်အတွက် စာအုပ် အမှတ် ၉ တွင် ရှင်းပြထား သကဲ့သို့ အပိုင်း ၃ ပိုင်းခွဲ၍ ရေးသားပါ။

(၁) နှုတ်ထွက်စကားတော်က သင့်အား မည်ကဲ့သို့သော သူဖြစ်ရန်၊ မည်သို့ တွေးခေါ်ရန်နှင့် ဘာကိုပြုလုပ်ရန် သွန်သင်ပါသနည်း။

(၂) ဤကိစ္စနှင့် ပတ်သက်၍ သင့်အသက်တာတွင် ယခုမည်သို့ ဖြစ်နေသနည်း။

(၃) ဘုရားသခင်က သင့်အား ဘာလုပ်စေလို သနည်း (သင်ဘာလုပ်မည်နည်း) ဆိုသည့် အပိုင်း ၃ ပိုင်းကို ရေးပါ။

နှုတ်ထွက်စကားတော်ကို အပါတ်စဉ်မှန်မှန် လက်တွေ့ကျင့်သုံးလျှင် သင့်ဝိညာဉ် အသက်တာ ဆက်လက်ကြီးထွားမှု ရှိမည်။ သင့်အသက်တာ သည်လည်း အလိုတော်နှင့် တိုး၍ ညီလာမည် ဖြစ်သည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.