❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၅) အသင်းတော်ဆိုင်ရာ ကိုးကွယ်ဝတ်ပြုခြင်း
အစီအစဉ်များ

၅။ သင်းအုပ်ဆရာကို လက်ခံဆက်ကပ်ဝတ်ပြုခြင်း

မေး–ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် သုံးတပါးတစ်ဆူ ဘုရားကို ယုံကြည်ပါသလား။ ယေရှုခရစ်သည် ဆရာ၏ ကယ်တင်ရှင် အဖြစ် ယခုထပ်မံ၍ ဝန်ခံသလား။
ဖြေ–ဝန်ခံပါသည်။
မေး–ဤအသင်းတော်နှင့် အသင်းသူ အသင်းသားတို့၏ သင်းအုပ်ဆရာအဖြစ် ဘုရားသခင်သည် ဆရာ့ကို ရွေးကောက်တော်မူသည်ဟု ယုံကြည်ပါသလား။
ဖြေ–ယုံကြည်ပါသည်။
မေး–သစ္စာရှိစွာဖြင့် မိမိ၌ အပ်ထားသောတာဝန်ကို ထမ်းဆောင်ပါမည်ဟူ၍ လည်းကောင်း၊ သမ္မာကျမ်းစာမှ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဟောပြောသွန်သင်ပါမည်ဟူ၍ လည်းကောင်း ဤအသင်းတော်၏ ကိုးကွယ်ဝတ်ပြုခြင်းနှင့် ဓမ္မမင်္ဂလာများစီရင်ခြင်းတွင် ဦးဆောင်ပါမည်ဟူ၍ လည်းကောင်း၊ ခရစ်တော်၏ သိုးစုကို ကြည့်ရှုပြုစုလျက် ဝမ်းမြောက်ဖွယ် သတင်းတရားကို ဟောပြောကြေညာပါမည်ဟူ၍ လည်းကောင်း၊ ကတိပြုပါသလား။
ဖြေ–ကတိပြုပါသည်။ သခင်ဘုရား ကူမတော်မူပါစေသော။

Continue… » »


❮ Prev . . . ၂ ၃ ၄ အခန်း ၅ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.