❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

၎။ ထိမ်းမြားမင်္ဂလာ

(၈) မှတ်ချက်
(ဂ) စီရင်ပုံ

နေ့ရက်၊ အချိန်၊ ဒေသ ညှိနှိုင်းသတ်မှတ်ရာတွင် သင်းအုပ်ဆရာ၊ ထိမ်းမြားပေးမည့် ဆရာတို့နှင့် ကြိုတင်ညှိနှိုင်း သင့်ပါသည်။

ထိမ်းမြားမှုပြုမည့် ဗိမာန်(နေရာ)၊ ဧည့်ခံမည့် နေရာတို့အတွက် သက်ဆိုင်ရာဌာန/ပုဂ္ဂိုလ်တို့နှင့် ကြိုတင်ညှိနှိုင်း ခွင့်တောင်းရပါမည်။

ထိမ်းမြားမည်ဖြစ်ကြောင်း ကြိုတင်ကြေငြာမှုကို အနည်းဆုံး (၂) ပတ်ခန့် ကြိုတင်ပြုလုပ်သင့်ပါသည်။ လေ့ကျင့်မှုကို လိုအပ်သလို ကြိုတင်စီစဉ် ရပါမည်။ ဧည့်ခံပွဲအတွက် လိုအပ်သော အစီအစဉ်ကို ကြိုတင်ညှိနှိုင်း စဉ်ရပါမည်။

ခရစ်ယာန် လက်ထပ်ခြင်းတွင် ရိုးရာ၊ လူမျိုးစု တိုင်းရင်းသားများတို့၏ ထုံးစံဓလေ့ကို ပယ်ရာ မဟုတ်သော်လည်း၊ လူမျိုးစု တိုင်းရင်းသားများတို့၏ ဓလေ့ထုံးစံအတိုင်း လက်မထပ်ဖို့ သတိပြုရန် လိုအပ်ပါသည်။

အိမ်ထောင်သစ်အတွက် ညဦးယံ ဝတ်ပြုခြင်းအတွက်လည်း ကြိုတင်စီစဉ် ရမည်ဖြစ်ပါသည်။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.