« Prev . . . ၄၄ ၄၅ ဆာလံ ၄၆ ၄၇ ၄၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၄၆
၄၆း၁ ရန်သူများအပေါ်အောင်ပွဲခံသော အချိန် ကျေးဇူးတော် ချီးမွမ်းသီဆိုသော ဆာလံဖြစ်သည်။
ယခုခေတ် လူများသည် တိုးတက်နေသော လက်နက်ဆန်း များကြောင့် ကမ္ဘာမြေကြီး ပျက်စီးရမည်ကို တွေး၍ ကြောက်ရွံ့ နေကြသည်။ သို့သော် ထိုသို့ ပျက်စီးမှုများ အတွင်းမှပင် ဘုရားသခင် ကာကွယ်တော်မူသည်။ ကျွန်ုပ်တို့တွက် ထာဝရ ကွယ်ကာရာ ကျောက်၊ ခွန်အားကို ပေးသော အရှင်ဖြစ်တော် မူသည်။
၄၆း၎-၅ မြစ်များသည် ကျွန်ုပ်တို့ ပတ်ဝန်းကျင်တွင် တည်ရှိနေသောကြောင့် စိုက်ပျိုးစီးပွားရေး ဖြစ်ထွန်းလျက်ရှိသည်။ သို့သော် ယေရုရှလင်မြို့ မူကား ဖြတ်သန်း စီးဆင်းသော မြစ်ချောင်းများ မရှိစေကာမူ လူတို့၏ အသက်ကို ရှင်စေသော ဘုရားသခင် ရှိနေခဲ့သည်။
ယေရုရှလင်မြို့ရှိ လူများ၏ စိတ်နှလုံးတွင် ဘုရားသခင် ကိန်းအောင်း နေသောကြောင့် ဤမြို့သည် တည်တံ့ခဲ့သည်။ သို့သော် သူတို့၏ နှလုံးသားတွင် ဘုရားသခင် မရှိသောကြောင့် ဗာဗုလုန် (Babylon) လက်အောက်သို့ ကျရောက်ခဲ့ရသည်။
၄၆း၁၀ စစ်ပွဲများ၊ ဆုံးရှုံး ပျက်စီးခြင်းများသည် အဆုံးမရှိ ဖြစ်ပေါ်နေသော အရာများဖြစ်သည်။ သို့သော် ဘုရားသခင်၏ အောင်မြင်ခြင်း၌ ထိုအရာတို့သည် ငြိမ်ဝပ်စွာ ရပ်တည်လျက် နေကြမည် ဖြစ်သည်။ ဘုရားသခင်၏ တန်ခိုးကြီးခြင်းက ထိုအရာတို့ကို ရပ်တံ့စေသည်။
« Prev . . . ၄၄ ၄၅ ဆာလံ ၄၆ ၄၇ ၄၈ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »