« Prev . . . ၈၇ ၈၈ ဆာလံ ၈၉ ၉၀ ၉၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »


« « မာတိကာ Table of Contents

ဆာလံကျမ်း Psalm

ဆာလံ ၈၉

၈၉း၁၇ ဦးချိုသည် ကျွန်ုပ်တို့၏ အစွမ်းသတ္တိကို ဖော်ညွှန်းသည်။ ဘုရားသခင်သည် ဒါဝိဒ်အား အလိုတော်အတိုင်း ပြီးမြောက်စေနိုင်သော တန်ခိုးကို ပေးတော်မူသည်ဟု ကတိပြုထားသည်။

ကျွန်ုပ်တို့သည်လည်း ဘုရားသခင် တန်ခိုးမပါလျှင် အားနည်းသောသူ၊ အစွမ်းမဲ့သောသူများဖြစ်သည်။ သို့သော် ဘုရားတန်ခိုးတော် ကျွန်ုပ်တို့ထံ စီးဆင်းမှသာ မျှော်လင့်ထားသည်ထက် အောင်မြင် တော်မူမည်ကို သတိပြုပါ။

၈၉း၃၄ ဣသရေလသမိုင်းတွင် သူတို့၏ ဖောက်ပြန်မှုများကို နှိုင်းယှဉ်ကြည့်သောအခါ ဘုရားသခင်၏ ကတိတော်များကို အံ့သြစွာတွေ့ရသည်။ ဘုရားသခင်သည် လူတို့အပေါ်သစ္စာကတိ မဖျက်ပါ။

ဣသရေလတို့ မနာခံမှုကြောင့် ပျက်စီးမှုများ ကြုံတွေ့ပါသော်လည်း ကာလအချိန်ရောက်သော် ဘုရားသခင် ကတိထားတော် မူသည်အတိုင်း ဒါဝိဒ်၏ အမျိုးနွယ်ဆက်မှ မေရှိယကို ဖွားမြင်တော်မူခဲ့သည်။ သူ့အား နာခံခြင်း မရှိသော်လည်း ကတိတော်ကို ရုတ်သိမ်းသည်ဟူ၍ မရှိပါ (ဟေဗြဲ ၆း၁၃)။ ဘုရားသခင်သည် ကတိတော် ထားသည်အတိုင်း စိတ်ချမှုပေးကြောင်း သင်သတိပြုပါ။

Continue… » »


« Prev . . . ၈၇ ၈၈ ဆာလံ ၈၉ ၉၀ ၉၁ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.