« Prev . . . ၁၀ ၁၁ ဆာလံ ၁၂ ၁၃ ၁၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »
ဆာလံကျမ်း Psalm
ဆာလံ ၁၂
၁၂း၅ ဘုရားသခင်သည် အားနည်းသောသူနှင့် မစမှုကို လိုသောသူများ အပေါ် ကြင်နာမှုရှိသည်။ ထိုသူတို့ကို ကာကွယ်မည်ဟု ကတိပေးထားသည်။ ဖိနှိပ်သူများအား ရင်ဆိုင်ဖြေရှင်း လိမ့်မည်ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင် အမြင်နှင့် အရာရာကို ရှုမြင်ကြရမည်။ ကျွန်ုပ်တို့သည်လည်း ဆင်းရဲသော သူတို့၏ လိုအပ်ချက်ကို ကူညီမစရမည်။ ဘုရားသခင် လုပ်ဆောင်စေလိုသော အမှုဖြစ်သည်။
၁၂း၆ ရိုးသားခြင်းနှင့် အမှန်တရားသည် အလွန် အဖိုးတန်သော အရာများဖြစ်သည်။ ထိုအရာများသည် ယခုအချိန်ခါ၌ အလွန်ရှားပါးနေသောကြောင့် ဖြစ်သည်။ လူများတို့သည် လိမ်လည် ဖျားယောင်းသူများ၊ မြှောက်ပင့်ပြောဆိုသော သူများ ဖြစ်နေကြသည်။ သူတို့ အလိုရှိသော အရာများကို လိမ်လည် မြှောက်ပင့်မှသာ ရမည်ဟု တွေးထင်ကြသည်။
ရိုးသားခြင့်နှင့် အမှန်တရားကို မရှိသလောက် တွေ့ကြုံခံစား ကြရသည်။ သို့သော် မျှော်လင့်ချက်တခု ရှိနေပါသေးသည်။ နှုတ်ကပတ်တော်ကသာ အမှန်တရားနှင့် ဘုရားသခင်၏ ရိုးသားသော ကတိတော်များ ဖြစ်သည်။
« Prev . . . ၁၀ ၁၁ ဆာလံ ၁၂ ၁၃ ၁၄ . . . ၁၅၀ ဆာလံကျမ်းမှ… ၁ သက်သာလောနိတ် ၂ သက် Next »