« Prev အမှာစာ အခန်းကြီး ၁ Next »


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ ပထမစောင်
1 Thessalonians

အမှာစာ

ထိုနောက် ရှောလုသည် ဒမာသက်မြို့(Damascus) တွင်ရှိသော ခရစ်ယာန်များနှင့် အချိန်အတန်ကြာနေပြီး ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း မဆိုင်းမလင့် ဟောကြားတော့၏ (တမန်တော် ၉း၂၀)။

လူအပေါင်းတို့သည်လည်း အံ့သြကြ၏။ ခရစ်ယာန်ကို မုန်းသောသူ၊ ခရစ်ယာန်များကို သတ်ဖြတ်ရန် ယေရုရှလင်မြို့မှ လာသောသူသည် အဘယ်သို့ ဖြစ်သွားသနည်းဟု တွေဝေ၊ တွေးတော၊ ပြောဆို၊ ငြင်းခုံကြလျက် ရှိကြ၏ (တမန်တော် ၉း၂၁)။

ထိုအခြေအနေတွင် ရှောလုသည် ခွန်အားတိုးပွားလျက်၊ မိမိကို ဝေဖန်သမျှသော သူတို့အား ပြန်လည်ချေပပြီး၊ ယေရှုသည် ခရစ်တော် (ကယ်တင်ရှင်) ဖြစ်ကြောင်းကိုသာ ရဲဝံ့ပြတ်သားစွာ ဟောတော့၏ (တမန်တော် ၉း၂၂)။

ခရစ်တော်ကို ယုံကြည်သော သူတို့ကို တအိမ်တက်ဆင်း ရှာဖွေပြီး၊ ထောင်သွင်း အကျဉ်းချခဲ့သော ရှောလုသည် ဒမာသက်မြို့လမ်းတွင် ခရစ်ေ်နှင့်တွေ့ပြီး အသက်တာ ပြောင်းလဲသွားသည်ကို ယုဒ (Jude) လူတို့သည် မကျေမနပ်ဖြစ်ကာ ရှောလုအား သတ်ရန် ရှာကြံကြ၏။

တဘယ်မှ ခရစ်တော်၏ တပည့်တော်တို့သည်လည်း ရှောလုအား မယုံကြည်ကြသောကြောင့် ရှောလုကို လက်ခံရန် တုံ့ဆိုင်းနေကြ၏။

ရှောလုသည် ထိုအခက်အခဲများ၏ ကြားတွင် အကြပ်အတည်းနှင့် ရင်ဆိုင်ရသော်လည်း၊ စိတ်ပျက်ခြင်းမရှိ ဗာနဗ (Barnabas) နှင့်တွဲ၍ ယေရှုခရစ်တော်အကြောင်းကို လှည့်လည်ဟောကြားလျက်ရှိ၏။ ရှောလု ဟူသောအမည်မှ ပေါလု ဟူသောအမည်သို့ တွင်လေ၏ (တမန်တော် ၁၃း၉)။

ခရစ်တော်၏ ကယ်တင်ခြင်း တရားကို လှည့်လည် ဟောကြားမှုကြောင့် ညှဉ်းပမ်း၊ နှိပ်စက်၊ ထောင်သွင်း အကျဉ်းချ ခံရသော်လည်း ‘ငါအသက်ရှင်သည့် အရာမှာ ခရစ်တော်ဖြစ်၏။ သေလျှင်မူကား သာ၍ အကျိုးရှိ၏’ (ဖိ ၁း၂၁) ဟူ၍ ခံယူချက်ထားကာ ဆက်လက် အမှုတော်ဆောင်သွား၏။

Continue… » »


« Prev အမှာစာ အခန်းကြီး ၁ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.