❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၆
၆း၆-၇ လူသားတို့အား ဖန်ဆင်းခြင်းအတွက် ဘုရားသခင်သည် နောင်တ ရနေသည်ဟု ဆိုလိုပါသလား။ မှားယွင်းမှုပြု ခဲ့သည်ဟု ဝန်ခံခြင်း ဖြစ်ပါသလား။ ထိုသို့မဟုတ်ပါ။ ဘုရားသခင် စိတ်သည် ပြောင်းလဲခြင်းမရှိပါ (ဓမ္မရာဇဝင် ပထမစောင် ၁၅း၂၇)။ မနာခံသော ကလေးအပေါ်၌ မိဘသည် ဝမ်းနည်းသကဲ့သို့ လူသားတို့သည် မိမိတို့အပေါ် မိမိတို့ လုပ်ဆောင်ခဲ့မှု များအပေါ်၌ ဘုရားသခင် ဝမ်းနည်းကြောင်း ဖေါ်ပြခြင်း ဖြစ်သည်။ လူသားတို့သည် ဘုရားသခင်နှင့် မိဿဟာယ ပြုခြင်းကို ရွေးချယ်မည့်အစား အပြစ်နှင့် သေခြင်းကို ရွေးချယ်သည့် အတွက် ဘုရားသခင် ဝမ်းနည်းရခြင်း ဖြစ်သည်။