❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
နိဒါန်း Introduction
အခြေခံအချက်
၃။ သားတော်ယေရှု သေဆုံးခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်း (၁၃း၁၊ ၂၁း၂၅)
ယေရှုသည် သူသေဆုံးပြီးနောက်တွင် မည်ကဲ့သို့ ဆက်လက်၍ ယုံကြည်ရမည်ကို တပည့်တော်တို့အား ဂရုတစိုက် ညွှန်ကြားခဲ့သော်လည်း တပည့်တော် တို့သည် နားမလည် နိုင်ခဲ့ကြပါ။ ယေရှုသည် သေဆုံးပြီးနောက် ရှင်ပြန်ထမြောက်တော်မူသည့် သတင်းကို ရရှိသောအခါ တမန်တော်တို့သည် မယုံကြည်နိုင် ဖြစ်ခဲ့ကြပါသည်။ အထူးသဖြင့် သောမ (Thomas) သည် အခြားတမန်တော်တို့ မြင်ခဲ့သည်ဟု ပြောကြားခြင်းကိုပင်ယုံကြည်ရန် ခက်ခဲခဲ့သည်။ ကျွန်ုပ်တို့သည် သောမကဲ့သို့ ကိုယ်ခန္ဓာနှင့် ထိတွေ့နိုင်မှသာ ယုံကြည်နိုင်မည်ဟု ပြောဆိုခြင်းမျိုး မပြုသင့်ပါ။ ဤကျမ်း၌ ဖော်ပြထားသော ရှင်ယောဟန်၏ မျက်မြင်သက်သေများကို လက်ခံကြပါစို့။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯