❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အဓိပ္ပါယ်ဖွင့်ဆိုချက်များ
ရှင်ပြန်ထမြောက်ခြင်း
ယေရှုသည် သုံးရက်မြောက်သောနေ့တွင် သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့သည်။ ရှင်ပြန်ထမြောက်ခြင်းကို တမန်တော်တို့နှင့် မြောက်မြားစွာသော မျက်မြင်သက်သေတို့က သက်သေပြုခဲ့ကြသည်။ ရှင်ပြန်ထမြောက်ခြင်းက ကြောက်ရွံ့စွာ ပုန်းခိုနေသော တမန်တော်များအား တက်ကြွသည့် ခေါင်းဆောင်များ အဖြစ်သို့ ပြောင်းလဲစေသည်။ ယင်းရှင်ပြန်ထမြောက်ခြင်းသည် ခရစ်ယာန်တို့၏ ယုံကြည်ခြင်း အခြေခံဖြစ်သည်။
ကျွန်ုပ်တို့၏ အသက်တာသည် တမန်တော်တို့၏ အသက်တာ ပြောင်းလဲစေခဲ့သလို ပြောင်းလဲစေနိုင်သည်။ တစ်နေ့သောအခါ၌ ခရစ်တော်နှင့် ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာသည် ထာဝရ ရှင်သန်နေနိုင်အောင် ထမြောက်မည် ဖြစ်ကြောင်းကို ယုံကြည်မှု ရှိနိုင်သည်။ ခရစ်တော်ကို ရှင်ပြန်ထမြောက်စေသော တန်ခိုးတော်သည် ကျွန်ုပ်တို့အား နေ့စဉ် အသက်တာ၌ ခရစ်တော်၏ နောက်သို့ လိုက်နိုင်အောင် အရည်အသွေးကို ပေးသောတန်ခိုး ဖြစ်သည်။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯