❮ Prev . . . ၂ ၃ အခန်း ၄ ၅ Next ❯
ဒုတိယပိုင်း
အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်
၃။ အခြားမင်္ဂလာများ
က။ သိက္ခာတင်မင်္ဂလာ
(၅) ခံယူခွင့်ရှိသူ
သမ္မာကျမ်းစာ (၁တိ ၃း၁-၇၊ တိတု ၁း၆-၉၊ ၁ပေ ၅း၁-၄) ပါ သင်းအုပ်၊ သင်းထောက်တို့၌ ရှိသင့်သော အရည်အချင်းများနှင့် အတတ်နိုင်ဆုံး အများဆုံး ညီညွတ်ပြည့််စုံမှု ရှိအပ်ပါသည်။ အခြေခံအားဖြင့် ဝိညာဉ်တော်နှင့်လည်းကောင်း ပညာနှင့်လည်းကောင်း၊ ပြည့်စုံလျက် အသရေရှိသောသူ (တ ၆း၃) ဖြစ်ရပါမည်။
(၆) စီရင်ကျင်းပသည့်နေရာ
သိက္ခာတင်မင်္ဂလာကို သိက္ခာတင်ကောင်စီက သဘောတူ သတ်မှတ်ပေးသော နေရာဒေသတွင် ကျင်းပလေ့ရှိပါသည်။ (ဗိမာန်တော်၊ ဓမ္မပွဲကျင်းပရာ မဏ္ဍပ် စသည်ဖြင့်)
(၇) စီရင်ကျင်းပသည့်အချိန်ကာလ
သိက္ခာတင်မင်္ဂလာကို သိက္ခာတင် ကောင်စီက သဘောတူ သတ်မှတ်ပေးသော အချိန်ကာလတွင် ကျင်းပလေ့ရှိပါသည်။