❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂
၂း၎ မာရိ (Mary) သည် ယေရှုအား နိမိတ်လက္ခဏာကို တောင်းဆိုခြင်း မဟုတ်ဘဲ စပျစ်ရည် ကုန်သည့်အတွက် ပြဿနာကို ယေရှုအား ဖြေရှင်းစေလိုခြင်း ဖြစ်ပေလိမ့်မည်။ ထိုအချိန်၌ မာရိ၏ယောက်ျား ယောသပ် (Joseph) သည် သေဆုံးခဲ့ပြီးပြီ ဖြစ်သောကြောင့် မာရိက သူ၏သားအား အချို့အရာများ၌ အကူအညီတောင်းခြင်း ဖြစ်နိုင်သည်။ ယေရှုက မာရိအား ပြန်လည်ပြောကြား ခဲ့သော စကားသည် နားလည်ရန် ခက်သည်။ ထိုသို့ နားလည်ရန် ခက်ခြင်းသည် အဓိကကျသော အချက်ဖြစ်နိုင်သည်။ မာရိသည် ယေရှုမည်သို့ လုပ်ဆောင်မည်ကို နားမလည်သော်လည်း ယေရှုက မှန်ကန်သော လုပ်ဆောင်ချက်ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ယုံကြည်စိတ်ချခဲ့သည်။ ယေရှုအား ယုံကြည်သူတို့သည်လည်း နားမလည်နိုင်သော လုပ်ဆောင်မှုများကို တွေ့သောအခါ၌ ယေရှုသည် ကျွန်ုပ်တို့အတွက် အကောင်းဆုံးကို လုပ်ဆောင်မည် ဖြစ်ကြောင်း ဆက်လက် ယုံကြည်ရန် အရေးကြီးသည်။
❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯