❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၈

၁၈း၁၀-၁၁ ယေရုကို ကာကွယ်ရန် ပေတရု (Peter) သည် ဓားကို သုံးခဲ့သောအခါ၌ ယဇ်ပရောဟိတ်မင်း (High Priest) ၏ ကျွန်သည် ဒဏ်ရာရခဲ့သည်။ သို့သော် ယေရှုသည် ပေတရုအား သူ၏ဓားကို ဖယ်ရှား၍ ဘုရားရှင်၏ အစီအစဉ်ကို ဖော်ပြနိုင်ခွင့် ပေးရန် ပြောခဲ့သည်။ ကြိမ်ဖန်များစွာ ကျွန်ုပ်တို့သည် ပြဿနာများစွာ၌ ကျွန်ုပ်တို့ လိုရာသို့ ဆွဲ၍ ဖြေရှင်းလိုလေ့ ရှိသည်။ ထိုသို့ လုပ်ဆောင်မှု အများစုသည် အပြစ်ပြုရာသို့ ဦးတည်လေသည်။ ထိုကဲ့သို့ ပြုမည့်အစား ကျွန်ုပ်တို့သည် ဘုရားရှင်၏ အစီအမံအတိုင်း ဖြစ်စေရန် ဘုရားရှင်ကို ယုံကြည်ရမည်။ အကယ်၍ ပေတရုက ယေရှုအား ကာကွယ်နိုင်ခဲ့ပြီး ယေရှုသည် ကားတိုင်တော်သို့ မသွားခဲ့ပါလျှင် ဘုရားရှင်၏ ကယ်တင်ခြင်း လုပ်ငန်းစဉ်သည် အချည်းနှီး ဖြစ်သွားပေမည်။

၁၈း၁၁ ခွက်သည် နာကျင်ခြင်း၊ ကွဲကွာခြင်း၊ သေဆုံးခြင်းတို့ကို ရည်ညွှန်းပြီး ယေရှုသည် ဤလောက၏ အပြစ်များအတွက် အသေခံရန် စတေးခဲ့ရသည်။

၁၈း၁၂-၁၃ ယေရှုအား ညအချိန်၌ပင် ယဇ်ပရောဟိတ်မင်း၏ အိမ်သို့ ခေါ်ဆောင်သွားခဲ့ ကြသည်။ ဘာသာရေး ခေါင်းဆောင်တို့သည် ယေရှုအား ဥပုသ်နေ့ (Sabbath) မတိုင်မီ သတ်ပစ်လိုပြီး ပသခါပွဲတော် (Passover Festival) သို့ ဝင်နိုင်ရန် လျှင်မြန်စွာ လုပ်ဆောင်နေကြသည်။ ထိုအိမ်သည် နန်းတော်ကဲ့သို့ ဖြစ်ပြီး အိမ်အဝသည် နံရံတို့ဖြင့် ကာထားလျက် ထိုနေရာ၌ ကျွန်များ၊ စစ်သည်များတို့သည် မီးလှုံလေ့ရှိကြသည်။

Continue… »»


❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.