❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂၀
၂၀း၇ ယေရှုအား ပတ်ရစ်ထားသော ပိတ်စကို ယေရှုသည် ဖောက်ထွင်း၍ ထွက်သွားသကဲ့သို့ ထိုပိတ်စသည် ကျန်ရစ်ခဲ့သည်။ ယေရှု၏ ဦးခေါင်းကို ရစ်ပတ်ထားသော ပုံသဏ္ဌာန်ကဲ့သို့ပင်ရှိပြီး ကိုယ်ကိုရစ်ပတ်ထားသော အစနှင့် သင့်တင့်သော အကွာအဝေး၌ ရှိသည်။ အလောင်းတော်ကို ခိုးသွားမည်ဆိုပါက ထိုခိုးသောသူသည် ထိုပိတ်စများအား အလောင်းတော်ကို ရစ်ပတ်ထားသော သဏ္ဌာန်အတိုင်းရှိစေ၍ အလောင်းတော်ကို ထုတ်ယူခိုးသွားခြင်းမပြုနိုင်ပါ။
၂၀း၉ ပေတရုနှင့် ယောဟန်တို့သည် ယေရှု၏အလောင်းကို သင်္ချိုင်းတွင်း၌ မတွေ့ရသောအခါ၌ အံ့သြခဲ့ကြသည်။ ပိတ်စသည် အလောင်းတော်ကို ရစ်ပတ်ထားသကဲ့သို့ ရှိသော်လည်း အလောင်းသည် ထိုပိတ်စ အတွင်း၌ မရှိသည်ကို ယောဟန်သည် တွေ့သောအခါ၌ ယေရှုမှာ ရှင်ပြန်ထမြောက်ပြီး ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ အလောင်းတော် ကင်းမဲ့နေသော သင်္ချိုင်းတွင်းကို မြင်သောအခါမှသာ သူတို့သည် ယေရှုက ပြောခဲ့သည့်စကား (သူသည် သေဆုံးရမည်၊ သို့သော်လည်း တဖန် ရှင်ပြန်ထမြောက် ဦးမည်)ကို သတိရခဲ့ကြသည်။
❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯