❮ Prev . . . ၁၉ ၂၀ အခန်းကြီး ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂၁
၂၁း၂၃ ကနဦး အသင်းတော်သမိုင်း၌ ဖော်ပြထားသည်မှာ ယောဟန်သည် ပတ်မုကျွန်း (Patmos Island) ၌ နှစ်ပေါင်းများစွာ တိမ်းရှောင် နေခဲ့ပြီးနောက် ဧဖက်မြို့ (Ephesus) သို့ပြန်လာခဲ့သည်။ ပထမရာစု အဆုံးပိုင်း၌ ယောဟန်သည် အသက်ကြီးကာ သေဆုံးခဲ့သည်။
၂၁း၂၅ ယောဟန်သည် ဤကျမ်း၌ ယေရှုအား ဘုရားရှင်၏ သားတော်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သူသည် ထိုအချက်အတွက် ယေရှုမှပြောခဲ့သော အရာများအား ရှင်းလင်းစွာ၊ စနစ်ကျစွာ တင်ပြခဲ့သည်။ တရားရုံး၌ အထောက်အထားများကို တင်ပြသောအခါ၌ ကြားနာသော သူတို့သည် ရွေးချယ်မှုကို ပြုရသည်။ ထိုနည်းတူစွာပင် ဤခရစ်ဝင်ကျမ်းကို ဖတ်သောသူတို့သည်လည်း ယေရှုသည် ဘုရားရှင်၏ သားတော်ဟုတ်မှန်သည် မမှန်သည် ကို ရွေးချယ်ရပေမည်။ သင်သည် ဆုံးဖြတ်ချက်ကို ပြုရမည့်သူ ဖြစ်သည်။ အထောက်အထားများသည် ရှင်းလင်းစွာ ဖော်ပြလျက်ရှိသည်။ ဤကျမ်းကို ဖတ်ရှုပြီးနောက် ယုံကြည် ဆုံးဖြတ်ချက်ကိုပြုပါ။
❮ Prev . . . ၁၉ ၂၀ အခန်းကြီး ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯