❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၂
၁၂း၁၃ ယေရှုသည် သူ၏ လူသားအသက်တာ နောက်ဆုံးအပတ်ကို ယေရုရှလင်မြို့ (Jerusalem) တွင်းသို့ ဝင်ခြင်းဖြင့် အစပြုကာ သူ့အသက်တာကို ပြီးစေခဲ့သည်။ လူများတို့သည် စွန်ပလွံရွက် (Palm leaves) များဖြင့် အုပ်မိုးကာ ယေရှုအား ရှင်ဘုရင်ကဲ့သို့ ကြွေးကြော်ခဲ့ကြသည်။ သူသည် မေရှိယဖြစ်ကြောင်း၊ ကြေငြာရန်အချိန် (ဣသရလေ (Israel) လူမျိုးများ ယေရုရှလင်မြို့၌ စုရုံးချိန်)၊ နေရာ (လူအများက သူ့ကိုမြင်နိုင်သော နေရာ)၊ နည်းလမ်း (သူ၏ သာသနာပြုမှုကို ထင်ရှားစွာ ကြေငြာခြင်း) ကို သေချာစွာ ရွေးခဲ့သည်။ ကျွန်ုပ်တို့သည် စွန်ပလွံခက်နေ့၌ ယေရှု၏ ယေရုရှလင်မြို့သို့ စည်ကားစွာ ဝင်ခြင်းကို သတိရ ပွဲခံခြင်းဖြစ်သည်။
၁၂း၁၃ သူတို့အား ဘုရင်ကို ပေးသည့်အတွက် ဘုရားရှင်အား ချီးမွမ်းနေသော ထိုသူများ၌ ယေရှုနှင့် ပတ်သက်၍ မှားယွင်းသော အတွေးအခေါ် ရှိခဲ့ကြသည်။ သူတို့သည် ယေရှုအား သူတို့နိုင်ငံ၏ ခေါင်းဆောင်၊ သူတို့နိုင်ငံ၏ ယခင်အချိန်၌ ရရှိခဲ့သည့် ဘုန်းအသရေ ပြန်လည် တည်ထောင် မည့်သူဟု ထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့်လည်း သူတို့သည် ပရောဖက် (Prophet) ပြောခဲ့သော စကားများကို သတိမပြု မိသည့်အပြင် ယေရှု၏ စစ်မှန်သော သာသနာပြု လုပ်ငန်းကို ရှင်းလင်းစွာ မမြင်ခဲ့ကြပါ။ ယေရှုက သူတို့ မျှော်မှန်းထားသော အရာများကို မပြည့််စုံစေသောအခါ၌ သူတို့သည် ယေရှုအား ဆန့်ကျင်ခဲ့ကြသည်။
❮ Prev . . . ၁၀ ၁၁ အခန်းကြီး ၁၂ ၁၃ ၁၄ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯