❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၆

၆း၆၇-၆၈ ယေရှု၏ နောက်လိုက် မြောက်များစွားတို့က သူ့အား စွန့်ခွာပြီးသည့် နောက်တွင် ယေရှုက တမန်တော် (၁၂) ပါးတို့အား သူ့ကို စွန့်ခွာမည်လားဟု မေးခဲ့သည်။ ပေတရု (Peter) က ကျွန်ုပ်တို့သည် အဘယ်သူထံသို့ သွားရပါမည်နည်း ဟူသောအဖြေမှာ အခြားသောနည်းလမ်းမရှိပါဟု ဖြေသကဲ့သို့ဖြစ်သည်။ အတွေးအခေါ်ရှင် အမျိုးမျိုးရှိသော်လည်း ယေရှုရှင်၌သာ ထာဝရအသက် ရှိသည်။ လူတို့သည် ထာဝရအသက်ကို နေရာအနှံ့၌ ရှာနေ ကြသော်လည်း ထာဝရအသက်၏ တစ်ခုတည်းသော အရင်းအမြစ် ဖြစ်သည့် ခရစ်တော်ကို မတွေ့ကြ။ သင်သည် စိတ်တွေဝေ သောအခါ အထီးကျန်သော အခါများ၌ ခရစ်တော်နှင့် အတူရှိနေစေပါ။

၆း၆၇ ယေရှုရင်၌ ကြားနေရန် နေရာမရှိပါ။ ယေရှုက တမန်တော်တို့ကို သူ့အား စွန့်ပစ် လိုပါသလားဟု မေးခဲ့သောအခါ၌ သူ့အား လက်ခံနိုင်သကဲ့သို့ ငြင်းပယ်နိုင်ကြောင်း ဖော်ပြခြင်းသာ ဖြစ်သည်။ ယေရှုသည် သူ၏ သင်ကြားမှုများဖြင့် လူတို့ကို ခါပစ်နေခြင်း မဟုတ်ပါ။ ယေရှုသည် အမှန်တရားကို ပြောကြားနေခြင်းသာ ဖြစ်သည်။ ယေရှု၏ သင်ကြားမှုများကို ပို၍သိလာသည်နှင့်အမျှ လူနှစ်စု၏ ကွဲပြားခြင်းမှာ ပို၍ ထင်ရှားလာရသည်။ တစ်စုမှာ ပို၍ နားလည်အောင် ရိုးသားသောစိတ်ဖြင့် ရှာဖွေသောသူများနှင့် အခြားတစ်စုမှာ သူတို့ကြားသော အရာများကို မကြိုက်သောကြောင့် ယေရှုအား စွန့်ခွာသွားသူများ ဖြစ်ကြသည်။

Continue… » »


❮ Prev . . . အခန်းကြီး ၆ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.