❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၇
၇း၁၃ ဘာသာရေး ခေါင်းဆောင်များသည် လူများတို့ အပေါ်၌ လွန်စွာမှပင် အာဏာရှိခဲ့ကြသည်။ ထိုအချိန်၌ ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား အနှောက်အယှက် အနည်းငယ်သာ ပြုနိုင်ခဲ့သော်လည်း ယေရှုအား ထင်ပေါ်စွာ ထောက်ခံသူများအား တရားဇရပ်မှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။ တရားဇရပ်မှ နှင်ထုတ်ခြင်းသည် ဂျူးလူမျိုးတို့အတွက် လွန်စွာ ကြီးလေးသော အပြစ်စီရင်ခြင်းဖြစ်သည်။
၇း၁၃ လူများစွာတို့သည် ယေရှုနှင့်ပတ်သက်၍ ပြောဆို ခဲ့ကြသည်။ သို့သော် လူများတို့ရှေ့၌ ယေရှုအား ထောက်ခံပြောဆို ရမည့်အချိန်၌ မည်သူမျှ စကားတစ်လုံးကိုမျှ မပြောခဲ့ကြပေ။ ထိုသူတို့သည် ကြောက်ရွံ့ ခြင်းဖြစ်ခဲ့ကြသည်။ ကြောက်ရွံ့ခြင်းသည် ကျွန်ုပ်တို့၏ သက်သေခံခြင်းကို ပျက်ပြားစေသည်။ လူများတို့သည် ဘုရားကျောင်း၌ ခရစ်တော်နှင့် ပတ်သက်၍ ပြောဆိုလေ့ရှိသော်လည်း လူများတို့ရှေ့၌ သူတို့၏ ယုံကြည်ခြင်းကို သက်သေပြ ပြောဆိုရန် ဝန်လေးကြသည်။ ယေရှုပြောခဲ့သည်မှာ လူများတို့ရှေ့၌ သူ့ကို ဝန်ခံသော သူတို့အား ဘုရားရှင် ရှေ့၌ ထိုသူတို့ကိုဝန်ခံမည် (မ ၁၀း၃၂)။ ထို့ကြောင့် မိတ်ဆွေသတ္တိရှိပါ။ ခရစ်တော်အတွက် ပြောဆိုဝန်ခံပါ။
❮ Prev . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯