❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၈
၈း၃၂ ယေရှုသည်သာ ကျွန်ုပ်တို့အား လွတ်ခြင်းအခွင့်ကို ပေးနိုင်သည့် အမှန်တရားဖြစ်သည် (၈း၃၆)၊ ယေရှုသည် အမှန်တရား၏ အရင်းအမြစ် ဖြစ်ပြီး အမှန်တရား၏ စံနမူနာလည်း ဖြစ်သည်။ သူသည် ကျွန်ုပ်တို့အား အပြစ်၏အဖိုးအခ အပြစ်၏ဆွဲဆောင်မှု၊ စာတန် (Satan) ၏ သွေးဆောင်မှု တို့မှ လွတ်ကင်းစေသည်။ သူသည် ဘုရားရှင်နှင့် အတူရှိမည့် ထာဝရအသက်ကို ရရှိနိုင်မည့် နည်းလမ်းကို ရှင်းလင်းစွာ ပြသသည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့အား မိမိတို့ လုပ်ဆောင်လိုသော အရာများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန် လွတ်ခြင်းအခွင့်ကို ပေးခြင်းမဟုတ်ဘဲ ဘုရားရှင်၏ နောက်တော်သို့ လိုက်နိုင်ရန် လွတ်ခြင်းအခွင့်ကို ပေးသည်။ ထိုသို့အားဖြင့် ကျွန်ုပ်တို့သည် ဘုရားရှင် ဖြစ်စေ လိုသောသူများ ဖြစ်လာရသည်။
၈း၃၄-၃၅ အပြစ်သည် ကျွန်ုပ်တို့အား ကျေးကျွန် ဖြစ်စေခြင်း၊ ထိန်းချုပ်ခြင်း၊ ကြီးစိုးခြင်း၊ လုပ်ဆောင်ချက်များကို လမ်းညွှန်ခြင်းပြုသည်။ သင့်အား ဘုရား ဖြစ်စေလိုသောသူ ဖြစ်အောင် ယေရှုသည် လွတ်ခြင်းအခွင့်ကို ပေးနိုင်သည်။ အပြစ်တရားသည် သင့်အား ထိန်းချုပ်ကျွန်ပြုကြီးစိုးနေလျှင် ယေရှုသည် သင့်အသက်တာ၌ ရှိသည့် ထိုအပြစ်တရား၏ တန်ခိုးကို ချိုးဖျက်နိုင်သည်။
❮ Prev . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯