❮ Prev . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၀
၁၀း၁၀ သူခိုးသည် အသက်ကို ခိုးယူသော်လည်း ယေရှုသည် အသက်ကို ပေးသည်။ သူပေးသော အသက်တာသည် ကြွယ်ဝပြည့်စုံမှု ရှိသည်။ ထိုအသက်သည် ထာဝရကာလ အတွက် ဖြစ်သကဲ့သို့ ယခုအချိန်၌လည်း အစပြုသည်။ ခရစ်တော်၏ အပြစ်လွှတ်ခြင်း၊ မေတ္တာ၊ လမ်းပြမှုတို့သည် မြင့်မားသော အသက်တာ၌ အသက်ရှင် ခြင်းကို ဖြစ်စေသည်။ သင်သည် ခရစ်တော်ကပေးသော အသက်တာကို လက်ခံပြီးပြီလား။
၁၀း၁၁-၁၂ လူငှားတို့သည် ပိုက်ဆံရရှိရန် သိုးများကို စောင့်သော်လည်း သိုးထိန်းသည် မေတ္တာဖြင့် သိုးတို့ကို စောင့်ထိန်းသည်။ သိုးထိန်းသည် ထိုသိုးများကို ပိုင်ဆိုင်ပြီး ထိုသိုးတို့အတွက် သူ့ကိုယ်သူ ပေးဆပ်သည်။ ယေရှုသည် သူ၏လုပ်ဆောင် စရာများကိုသာ လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ကျွန်ုပ်တို့အား ချစ်မြတ်နိုးပြီး သူ၏ အသက်ကို ကျွန်ုပ်တို့အတွက် ပေးဆပ်ခဲ့သည်။ မိစ္ဆာပရောဖက် (False Prophet) များ၊ မှားယွင်းသော ဆရာသမားများသည် ကျွန်ုပ်တို့အပေါ်၌ ထိုကဲ့သို့ အပ်နှံမှုကို မပြုပါ။
❮ Prev . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯