❮ Prev . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၀
၁၀း၁၉-၂၀ ယေရှုသည် လူသားသာ ဖြစ်ခဲ့လျှင် သူက ဘုရားသခင် ဖြစ်သည်ဟု ပြောဆိုချက်များသည် သူ့အား ရူးသွပ်သော သူဖြစ်ကြောင်း သက်သေပြရာ ရောက်သည်။ ယေရှုက ပြုတော်မူခဲ့သော အံ့သြဖွယ်အမှုများသည် သူ၏ ဘုရားသခင် အမှန်တကယ် ဖြစ်ကြောင်းကို သက်သေပြရာ ရောက်သည်။ ယုဒ (Judas) ခေါင်းဆောင်များသည် သူတို့၏ တစ်ဖက်သတ် ကျဉ်းမြောင်းသော အမြင်များထက် ပို၍ မမြင်နိုင်ဘဲ သူတို့သည် ယေရှုအား လူအမြင်ဖြင့်သာ ကြည့်ခဲ့ကြသည်။ ယေရှုအား လူအမြင်ဖြင့် ကန့်သတ်ခဲ့ ကြသည်။ သို့သော်ယေရှုအား ထိုသို့ ကျဉ်းမြောင်းသော အမြင်ဖြင့် ကန့်သတ်၍မရနိုင်ခဲ့ပါ။
၁၀း၂၂-၂၃ အင်ကဲနိပွဲ (Festival of Dedication) သည် Judas Maccabeus လက်ထက် BC ၁၆၄ ခု၌ ဗိမာန်တော်အား သန့်ရှင်း စေခြင်းကို သတိရစေရန် ပြုလုပ်သောပွဲ ဖြစ်သည်။ Antiochus Epiphanes သည် ယဇ်ပလ္လင်တော်၌ ဝက်ကိုပူဇော်ခြင်း အားဖြင့် ဗိမာန်တော်ကို ညစ်ညူးစေခဲ့သည်။ ထိုပွဲသည် ဒီဇင်ဘာလကုန်၌ ကျင်းပလေ့ရှိကြသည်။
၁၀း၂၃ ရှောလမုန်၏ကနားပြင် (Solomon’s Colonnade) သည် အမိုးဖြင့် ကာရံ ထားသော လူသွားလမ်းဖြစ်ပြီး ကြီးမားသော ကျောက်တိုင်များဖြင့် ဆောက်ထားသည်။ ထိုလမ်းသည် ဗိမာန်တော် (Temple) တံတိုင်း (Sequence of columns) ၏ အနား၌ရှိသည်။
❮ Prev . . . ၈ ၉ အခန်းကြီး ၁၀ ၁၁ ၁၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯