❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၃

၃း၃ နိုင်ငံတော်နှင့် ပတ်သက်၍ နိကောဒင်သည် အဘယ်အရာတို့ကို သိရှိခဲ့ပါသနည်း။ ကျမ်းစာအရ နိကောဒင် သိသည်မှာ ဘုရားသခင်သည် နိုင်ငံတော်ကို အုပ်စိုးလိမ့်မည်။ နိုင်ငံတော်သည် ဤကမ္ဘာ၌ တည်လိမ့်မည်။ ဘုရားသခင်က လူတို့အား ထိုနိုင်ငံတော်၌ စုစည်းစေမည်။ ယေရှုက နိကောဒင်အား ဖော်ပြခဲ့သည်မှာ နိုင်ငံတော်သည် ဂျူးလူမျိုးများ အတွက်သာ မဟုတ်ဘဲ ဤကမ္ဘာပေါ်ရှိ လူသားအားလုံး အတွက်ဖြစ်သည် (၃း၁၆)။ ဒုတိယမွေးခြင်းကို မခံယူလျှင် ထိုနိုင်ငံတော်သို့ မဝင်ရ (၃း၅)။ နိုင်ငံတော်သည် တိုင်းနိုင်ငံ (သို့) လူမျိုးတစ်စုနှင့် သက်ဆိုင်သည် မဟုတ်ဘဲ လူသားတစ်ဦးစီနှင့် သက်ဆိုင်သည်။ ထိုနိုင်ငံတော်သို့ ဝင်နိုင်ရန်မှာ နောင်တရခြင်း၊ ဝိညာဉ်၌ မွေးဖွားခြင်းတို့ လိုအပ်သည်။ နောက်ပိုင်း၌ ယေရှုပြောကြားသည်မှာ ဘုရားရှင်၏ နိုင်ငံတော်သည် ယုံကြည်သူတို့၏ စိတ်နှလုံး၌ တည်ပြီးဖြစ်သည် (လု ၁၇း၂၁)။ ယေရှုသည် တဖန်ကြွလာ၍ ကမ္ဘာကြီးနှင့် မကောင်းမှုများကို ထာဝရ ကာလအတွက် အဆုံးစီရင်ပြီးသည့် နောက်ပိုင်းတွင် ဘုရားသခင်၏ နိုင်ငံတော်ကို ထင်ရှားစွာ တွေ့မြင်နိုင်မည် (ဗျာ ၂၁း၂၂)။

၃း၅-၆ ‘ရေနှင့် ဝိညာဉ်တော်’ သည်

(က) ဇာတိမွေးဖွားခြင်း (ရေ)၊ ဝိညာဉ်မွေးဖွားခြင်း (ဝိညာဉ်) (သို့)
(ခ) ဝိညာဉ်အားဖြင့် အသစ်တစ်ဖန် မွေးဖွားပြီး ခရစ်ယာန်တို့ကဲ့သို့ နှစ်ခြင်းခံခြင်းအားဖြင့် အသစ်တဖန် မွေးဖွားခြင်းကို ပေါ်လွင်စေခြင်းကို ဆိုလိုခြင်းဖြစ်သည်။

ရေသည် ဘုရားရှင်၏ သန့်ရှင်းသော ဝိညာဉ်တော်မှ ဆေးကြောခြင်းကို ပုံဆောင်ခြင်းဖြစ်သည် (တိတု ၃း၅)။ နိကောဒင်သည် (ယေဇကျေလအနာဂတ္တိကျမ်း ၃၆း၂၅-၂၆) ၌ ဖော်ပြထားသည့် ဘုရားရှင်၏ ကတိတော်ကို သိပြီးဖြစ်ပေမည်။ ယေရှုက ဝိညာဉ် အသစ်တစ်ဖန် မွေးဖွားခြင်း၏ အရေးပါမှုကို ရှင်းပြခဲ့သည်။ လူတို့သည် ကောင်းစွာပြုမူ လုပ်ကိုင် အသက်ရှင်ခြင်းဖြင့် ဘုရားသခင်၏ နိုင်ငံတော်သို့ မဝင်နိုင်။ သူတို့၏ ဝိညာဉ် အသစ်တစ်ဖန် မွေးဖွားခြင်းဖြင့်သာ ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်နိုင်သည်။

Continue… »»


❮ Prev . . . အခန်းကြီး ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.