❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁
၁း၆-၈ ဤကျမ်း၌ ဖော်ပြထားသော ယောဟန် (John) မှာ နှစ်ခြင်းဆရာယောဟန် (John the Baptist) ကိုဆိုလိုသည်။
၁း၈ ကျွန်ုပ်တို့သည် နှစ်ခြင်းဆရာ ယောဟန် ကဲ့သို့ပင် ဘုရားရှင်၏ အလင်းတော်၏ အရင်းအမြစ် မဟုတ်ပါ။ ထိုအလင်းတော်၏ ရောင်ပြန်ဟပ်ဖို့ပင်လျှင် ကျွန်ုပ်တို့သည် မမှီနိုင်ပါ။ ယေရှုခရစ်တော်သည်သာလျှင် မှန်ကန်သော အလင်းဖြစ်ပြီး သူသည် ကျွန်ုပ်တို့အား ဘုရားရှင်ထံသို့ ရောက်ရှိနိုင်သည့် လမ်းကြောင်းကိုမြင်စေပြီး ထိုလမ်းကြောင်း၌ မည်သို့လျှေက်လှမ်းရမည်ကို ပြသပေးသည်။ ခရစ်တော်သည် မယုံကြည်သော ဤကမ္ဘာအား သူ၏ အလင်းကို ဖော်ပြရန် ကျွန်ုပ်တို့အား ရွေးချယ် လေသည်။ မယုံကြည်သူတို့သည် ဘုရားရှင်၏ အလင်းတော်ကို တိုက်ရိုက် မခံယူနိုင်သောကြောင့် ကျွန်ုပ်တို့ထံမှတစ်ဆင့် လင်းစေခြင်းဖြစ်နိုင်သည်။ ‘သက်သေခံခြင်း’ ၏ အဓိပ္ပါယ်မှာ ခရစ်တော်၏ အလင်းတော်ကို ကျွန်ုပ်တို့မှတစ်ဆင့် လင်းစေခြင်းကို ဆိုလိုသည်။ ကျွန်ုပ်တို့သည် အခြားသူများကို ကျွန်ုပ်တို့၏အလင်းကို ပြခြင်းမဖြစ်စေဘဲ ခရစ်တော်တည်းဟူသော အလင်းကို ညွှန်ပြသောသူများ အစဉ်ဖြစ်စေပါ။
❮ Prev နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯