❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၈
၁၈း၁၃
(၃) ပိလတ်မင်း (King Pilate) ရှေ့၌ ကြားနာခြင်း (လု ၂၃း၁-၅)
ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား ဘာသာရေး အကြောင်းပြချက်ဖြင့် အသေသတ်ရန် စီရင်သော်လည်း၊ ရောမ (Roman) အုပ်စိုးသူတို့သာ သေဒဏ်ကို အတည်ပြုနိုင်သည်။ ထို့ကြောင့်လည်း သူတို့သည် ယေရှုအား ရောမလူမျိုးအုပ်စိုးသူ ပိလိတ်မင်းထံသို့ ခေါ်ဆောင်သွားခဲ့ပြီး လှည့်ဖျား၍ ပုန်ကန်မှုကို ပြုသောသူဟု စွပ်စွဲခဲ့သည်။ ထိုအပြစ်သည် သေဒဏ်ကို ကျခံနိုင်သော အပြစ်ဖြစ်သည်။ ပိလတ်မင်းသည် ယေရှု၌ အပြစ်မရှိကြောင်းကို ချက်ခြင်းသိသော်လည်း ဘာသာရေး ခေါင်းဆောင်များ၏ သွေးထိုးမှုကြောင့် ပုန်ကန်မှု ဖြစ်မည်ကို ကြောက်ရွံ့ ခဲ့ကြသည်။
(၄) ယေရုဒ်မင်း (King Jehoram) ၏ ရှေ့၌ ကြားနာခြင်း
ယေရှု၏နေရပ်မှာ ဂါလိလဲဒေသ (Galilee) ဖြစ်သောကြောင့် ပိလတ်မင်းသည် ယေရှုအား ဂါလိလဲပြည်ကို အုပ်စိုးသူ ယေရုဒ်မင်းထံသို့ စေလွှတ်ခဲ့သည်။ ထိုအချိန်၌ ယေရှုသည် ပသခါပွဲ (Passover) ကို ဆင်နွှဲရန်အတွက် ယေရုရှလင်မြို့ (Jerusalem) ၌ ရောက်နေခဲ့သည်။ ယေရုဒ်မင်းသည် ယေရှုမှ အံ့သြဖွယ်ရာများကို လုပ်ဆောင်မှုများအား ကြည့်ရှုလိုသော်လည်း ယေရှုသည် တိတ်ဆိတ်စွာ နေသောအခါ၌ ယေရုဒ်မင်းသည် ယေရှုနှင့် မပတ်သက် လိုတော့ဘဲ ပိလတ်မင်းထံသို့ ပြန်လည်စေလွှတ်ခဲ့သည်။
❮ Prev . . . ၁၆ ၁၇ အခန်းကြီး ၁၈ ၁၉ ၂၀ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯