❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၁၉

၁၉း၂-၅ စစ်သူရဲတို့သည် ယေရှုအား ရိုက်နှက်ရန် အမိန့်ထက်ပိုပြီး လုပ်ဆောင်ခဲ့သည်။ ထိုသူတို့သည် ယေရှု၏ ဦးခေါင်း၌ သရဖူ (Crown) ကို တပ်ပေး၍ ဝတ်ရုံကို ဝတ်စေခြင်းဖြင့် ယေရှု၏ ဘုရင်ဖြစ်ခြင်းကို ပျက်ရယ်ပြုခဲ့ကြသည်။

၁၉း၇ ဤကျမ်းပိုဒ်၌ အမှန်တရားသည် ပေါ်လာခဲ့သည်။ ဘာသာရေး ခေါင်းဆောင်များသည် ယေရှုအား ပိလတ်မင်း (Pilate) ထံသို့ ခေါ်ဆောင်လာခဲ့ခြင်းသည် ယေရှုက ရောမတို့အား ပုန်ကန်မှုကို ဖြစ်စေသောကြောင့် မဟုတ်ဘဲ ယေရှုက ဘာသာရေး ထုံးတမ်းစဉ်လာကို ချိုးဖောက်သည်ဟူ၍ ထင်သောကြောင့် ဖြစ်သည်။ ဘုရားရှင်၏ သားတော်ဖြစ်ယောင် ဆောင်ခြင်းသည် ဂျူးလူမျိုးတို့၏ ဥပဒေအရ လွန်စွာကြီးမားသော အပြစ်ဖြစ်ပြီး၊ သေဒဏ်ပေးထိုက်သည်။ ဘုရားရှင်အား ပျက်ရယ်ပြုသော သူအဖြစ် ယေရှုအား စွပ်စွဲသောအခါ၌ ဂျူးလူမျိုးများအတွက် လက်ခံနိုင်ဖွယ်ရာ ဖြစ်ပြီး ပုန်ကန်သူအဖြစ် စွပ်စွဲခြင်းသည် ရောမအုပ်စိုး သူတို့အတွက် အရေးပါသော အချက်ဖြစ်သည်။ ဘာသာရေး ခေါင်းဆောင်များအဖို့ ပိလတ်မင်းက မည်သို့သော စွပ်စွဲချက်ကိုမဆို နားထောင်သည့် အရာသည် အဓိက မဟုတ်ဘဲ ယေရှုအား သတ်ပစ်ရန်အတွက် ပိလတ်မင်းမှ ပါဝင်ပတ်သက် ရန်ကိုသာ အလေးထားခဲ့ကြသည်။

Continue… »»


❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.