❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၃၈-၃၉ ယေရှု၏ သေဆုံးခြင်း၌ လူ ၄ဦးတို့ ပြောင်းလဲခဲ့သည်။ ယေရှုနှင့်အတူ ကားတိုင်တင် ခံရသော ရာဇဝတ်သား တစ်ဦးသည် ကိုယ်တော်နိုင်ငံ၌ ပါဝင်ခွင့်ပြုရန် တောင်းခံခဲ့သည် (လု ၂၃း၃၉-၄၃)။ ရောမစစ်သည်တော် တပ်မှူးက ယေရှုသည် ဘုရားသခင်၏ သားတော် ဖြစ်ကြောင်း ပြောခဲ့သည် (မာ ၁၅း၃၉)။ ယောသပ် (Joseph) နှင့် နိကောဒင် (Nicodemus) (ဂျူးလူမျိုးတို့ အထက်လွှတ်တော် အဖွဲ့ဝင် ယေရူ၏ နောက်တော်သို့ တိတ်ဆိတ်စွာ လိုက်ပါသောသူ) သူတို့၏ ပုန်းကွယ်ရာမှ ထွက်ပေါ်လာခဲ့ကြသည် (၇း၅၀-၅၂)။ ထိုသူတို့၏ အသက်တာသည် ယေရှု အသက်တာထက် ယေရူ၏ သေဆုံးခြင်းက ပြောင်းလဲမှုကို ဖြစ်ပေါ်စေခဲ့သည်။ ယေရှုရှင်သည် မည်သူမည်ဝါ ဖြစ်ကြောင်းကို ထိုသူတို့က အသိတရား ရခဲ့ပြီး ထိုအသိတရားသည် သူတို့ယုံကြည်ခြင်း၊ ကြော်ငြာခြင်းနှင့် လုပ်ဆောင်ခြင်းများကို ဖြစ်ပေါ်စေခဲ့သည်။ ယေရှုနှင့် သူ၏သေဆုံးခြင်းကို ကျွန်ုပ်တို့သည် ယုံကြည်မှု၊ ကြော်ငြာခြင်း၊ လုပ်ဆောင်ခြင်းတို့သည် ပြောင်းလဲရပေမည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯