❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၂

၂း၃ လူသားတိုင်းက အပြစ်ပြုလေ့ရှိသည်ကို ထောက်ရှုခြင်းအားဖြင့် ကျွန်ုပ်တို့သည် ခရစ်တော် မပါရှိလျှင် အပြစ်ပြုတတ်သော သဘောရှိသည်။ ကျွန်ုပ်တို့သည် အပြစ်၌ ပျောက်ဆုံးနေပြီး မိမိကိုယ်ကိုမိမိ မကယ်တင်နိုင်ပါ။ ခရစ်ယာန်တို့သာ ကောင်းသော အလုပ်ကို လုပ်ဆောင်သည်ဟု ဆိုလိုပါသလား။ ထိုသို့ မဆိုလိုပါ။ လူများစွာတို့သည် အခြားသူများအပေါ်၌ ကောင်းသောအလုပ်ကို လုပ်ဆောင်ကြသည်။ သာမာန်အားဖြင့် လူအများတို့သည် အကျင့်တရားကောင်းမွန်ပြီး ကြင်နာတတ်ကြသည်။ ဥပဒေများကို လိုက်နာတတ် ကြသည်။ ထောင်သားများနှင့် နှိုင်းယှဉ်ကြည့်သောအခါ၌ ထိုသူတို့သည် ကောင်းသောအရာများကို လုပ်ဆောင်သကဲ့သို့ ရှိကြသည်။ သို့သော် ဘုရားသခင်၏ အတိုင်းအတာအရ မည်သူမျှ ကယ်တင်ခြင်းကို ရရှိနိုင်သည်အထိ မကောင်းမွန်နိုင်ပါ။

ခရစ်တော်၏ ပြီးပြည့်စုံသော အသက်တာနှင့် ကျွန်ုပ်တို့ ပေါင်းစပ်သောအခါ၌သာ ဘုရားသခင်၏ မျက်စိတော်၌ ကျွန်ုပ်တို့သည် ကောင်းမွန်သောသူများ ဖြစ်လာရသည်။ ‘ဘုရားသခင်၏ အမျက်တော်ကို ခံရသောသူများ’ ဟူသည်မှာ ခရစ်တော်အား ငြင်းပယ်သောကြောင့် ဘုရားသခင်၏ အမျက်တော်ကို ခံရသောသူများကို ရည်ရွယ်သည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.