❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၃
၃း၁၄-၁၅ ဘုရားသခင်၏ အိမ်ထောင်တွင် ရှေးယခင်က ယုံကြည်ခဲ့သူများ၊ ယခုအချိန်၌ ယုံကြည်သူများ၊ အနာဂတ်ကာလ၌ ယုံကြည်ခဲ့မည့် သူများပါဝင်သည်။ တစ်ဦးတည်းသော အဖဘုရားသခင်၏ မိသားစုဝင်များ ဖြစ်ကြသည်။ သူသည် ဖန်ဆင်းခြင်း၏ အရင်းအမြစ် အရာအားလုံးကို ပိုင်သောသူလည်း ဖြစ်သည်။ ဘုရားသခင်သည် သူ၏ မေတ္တာနှင့် တန်ခိုးကို သူ၏ မိသားစုဖြစ်သော အသင်းတော်အား ပေးမည်ဟု ကတိပြုခဲ့သည် (၃း၁၆-၂၁)။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ကောင်းကြီးများကို ရရှိလိုလျှင် ကျွန်ုပ်တို့သည် ခရစ်တော်၏ ခန္ဓာ၌ရှိသော အခြား ယုံကြည်သူများနှင့် ဆက်ဆံမှုရှိစေရန် အရေးကြီးသည်။ ဘုရားသခင် မိသားစုမှ သီးသန့် ခွဲခွာနေထိုင်သော သူတို့သည် ဘုရားသခင်၏ တန်ခိုးတော်အား ဖြတ်တောက်၍ နေထိုင်သော သူတို့သာဖြစ်သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯