❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၅ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၅

၅း၁၅-၁၆ ရှင်ပေါလု (Paul) သည် ထိုအချိန်၌ရှိသော မကောင်းမှုများကို အရေးတကြီး အဆောတလျင် ပြောထားရခြင်းမှာ မကောင်းမှုတို့၏ ထိုးဖောက်ပြန့်ပွားမည့် စွမ်းအားကို သိ၍ဖြစ်သည်။ ကျွန်ုပ်တို့၏ နေ့ရက်များတွင်လည်း ထိုအချိန်၌ကဲ့သို့ ခက်ခဲမှုရှိက အဆောတလျင် ပြောဆိုပြုပြင်ရမည်။ ကျွန်ုပ်တို့သည် မြင့်မားသော စံနှုန်းထားရမည်။ ပညာသတိနှင့် လုပ်ဆောင်ရမည်။ ကောင်းသော လုပ်ဆောင်မှုများကို အချိန်မရွေးလုပ်ဆောင်ရမည်။

၅း၁၈ ဝိုင်အရက် (Wine) ကို သောက်သောအခါ၌ ခေတ္တသာယာမှုကို ဖြစ်စေသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်သောအခါ၌ ထာဝရ ရွှင်လန်းခြင်းကို ရသည်။ ရှင်ပေါလုသည် ထိုကဲ့သို့ ကွာခြားသော အချိန်ကာလ နှစ်မျိုးကို နှိုင်းယှဉ် ဖော်ပြထားသည်။ ဝိုင်အရက်နှင့် ယစ်မူးခြင်းသည် ဟောင်းနွမ်းသော အသက်တာ အတ္တဆန်သော လိုလားမှုများနှင့် သက်ဆိုင်သည်။ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ပို၍ကောင်းမွန်မြင့်မား ကြာရှည်သော ကြည်နူးမှုကို ရယူနိုင်သည်။ ယင်းသည် ကျွန်ုပ်တို့၏ စိတ်ဓါတ်ကျခြင်း၊ ခံစားမှု ကင်းမဲ့ခြင်း၊ စိတ်အနှောင့်အယှက်များကို ကုစားနိုင်သည်။ ကျွန်ုပ်အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့် အတိုင်းအဆအထိ ရှိသည်ကို ကျွန်ုပ်တို့ စိုးရိမ်နေသည်ထက် သန့်ရှင်းသော ဝိညာဉ်တော်က ကျွန်ုပ်တို့အသက်တာ၌ မည်မျှအုပ်စိုးသည်ကို သတိပြုရန် အရေးကြီးသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဦးဆောင်မှုကို နေ့စဉ်ဝန်ခံလျက်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးဆွဲဆောင်မှုကို သင်သည်အစဉ်ခံယူပါ။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၅ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.