❮ Prev . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃
၃း၇-၈ အပြစ်ပြုပြီး နောက်တွင် အာဒံနှင့်ဧဝတို့သည် အဝတ်အချည်းစည်း ရှိသည်ကို တွေ့မြင်ခဲ့သည်။ ထိုအခါ၌ ရှက်ကြောက်ခြင်း ခံစားရသည်။ ထိုခံစားချက် များကြောင့် သူတို့သည် ဘုရားသခင်ထံမှ ပုန်းရှောင်ရန် ကြိုးပမ်းသည်။ အပြစ်ခံစားချက်သည် ဘုရားသခင်မှ ကျွန်ုပ်တို့ အတွင်းသို့ ထည့်ထားပေးသည့် သတိပေးအသံ ဖြစ်ပြီး ကျွန်ုပ်တို့က မှားယွင်းသော လုပ်ဆောင်မှုကို လုပ်ဆောင်သောအခါ၌ ထိုသတိ ပေးသံမြည်သည်။ ထိုအခါများ၌ အဆိုးဆုံး လုပ်ဆောင်နိုင်သည်မှာ အပြစ်ပြုရာ အကြောင်းကို မဖယ်ရှားဘဲ သတိပေးအသံ ကိုသာ ဖယ်ရှားခြင်းဖြစ်သည်။ ရောဂါကို မကုဘဲ အနာပျောက်ဆေးကို သုံးခြင်းကဲ့သို့ ဖြစ်သည်။ အပြစ်ခံစားမှုစိတ် ဖြစ်ပေါ်ရခြင်းအတွက် ဝမ်းမြောက်ပါ။ ထိုခံစားစိတ်သည် အပြစ်ကို သတိပြု စေသည်။ ထိုမှ သင်သည် ဘုရားသခင်၏ ခွင့်လွတ်ခြင်းကို တောင်းခံ နိုင်ပြီး မှားယွင်းသော လုပ်ဆောင်မှုများမှသည် မှန်ကန်သော လုပ်ဆောင်မှုကို ဖြစ်စေသည်။