❮ Prev . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၆
၆း၉ နောဧ (Noah) သည် ဖြောင့်မတ်သောသူ စုံလင်သောသူ ဖြစ်သည်ဟုဆိုရာ၌ အပြစ်ကို မည်သည့်အခါမျှ မပြုသောသူဟု မဆိုလိုပါ။ (နောဧ၏ အပြစ်ကို ၉း၁၀ ၌တွေ့ရသည်)။ နောဧသည် ဘုရားသခင်အား စိတ်နှလုံးပါလျက် ချစ်သည်၊ နာခံသည်ဟုသာ ဆိုလိုသည်။ သူ၏ အသက်တာသည် သူ၏ မျိုးနွယ်စုအတွက် ယုံကြည်ခြင်းအားဖြင့် လျှောက်လှမ်းမှု ပုံပမာကိုပြခဲ့သည်။ နောဧကဲ့သို့ပင် ကျွန်ုပ်တို့သည်လည်း မကောင်းမှုများနှင့် ပြည့်နေသော ကမ္ဘာ၌ အသက်ရှင် နေကြသည်။ ကျွန်ုပ်တို့သည် အခြားသူများအပေါ်၌ လွှမ်းမိုးမှုပြုနေပါသလား (သို့) အခြားသူများ၏ လွှမ်းမိုးမှုကို ခံနေရပါသလား။