❮ Prev . . . ၂၂ ၂၃ အခန်းကြီး ၂၄ ၂၅ ၂၆ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၂၄
၂၄း၁၄ ဤမျှတိကျသော နိမိတ်လက္ခဏာကို အာဗြဟံ၏ ကျွန်မှ တောင်းခံခြင်းသည် မှန်ကန်ပါသလား။ သူတောင်းသော နိမိတ်သည် ဖြစ်ရိုးဖြစ်စဉ်ထက် အနည်းငယ်သာ ကွာခြားမှုရှိသည်။ ထိုကာလ၌ ဧည့်သည်အပေါ် ထားရှိသော ယဉ်ကျေးမှု အစဉ်အလာမှ ရေတွင်းနားရှိ အမျိုးသမီးသည် ဧည့်သည်အား ရေပေးရန်လိုသည်။ ထိုသူ၏ တိရိစ္ဆာန်ကို ရေပေးရန် မလိုအပ်ပါ။ ဧလျာဇာသည် အစေခံစိတ် ရှိသော အမျိုးသမီး (မျှော်လင့်ထား သည်ထက် ပို၍လုပ်ဆောင်သူ) ကို ပြသပေးရန် ဘုရားသခင်အား တောင်းခြဲ့ခင်းသာ ဖြစ်သည်။ သူ၏ကုလားအုပ်များကို ရေတိုက်ခြင်းသည် ထိုကဲ့သို့သော စိတ်ရှိကြောင်း ပြရာရောက်သည်။ ဧလျာဇာသည် ချောမောသော၊ ကြွယ်ဝသော အမျိုးသမီးကို မတောင်းခဲ့ပါ။ မှန်ကန်သော စိတ်နှလုံးရှိသည့် အမျိုးသမီးကို တွေ့ရှိရေးသည်သာ အရေးကြီးကြောင်းကို သိပြီး ထိုတာဝန်အတွက် ဘုရားသခင်၏ အကူအညီကို တောင်းခဲ့သည်။
❮ Prev . . . ၂၂ ၂၃ အခန်းကြီး ၂၄ ၂၅ ၂၆ . . . ၅၀ ဒေသနာကျမ်း Next ❯