❮ Prev . . . ၂၉ ၃၀ အခန်းကြီး ၃၁ ၃၂ ၃၃ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၃၁

၃၁း၁၉ လူများတို့သည် သေးငယ်သော သစ်သား (သို့မဟုတ်) သံအရုပ်ငယ်များကို မိမိတို့အိမ်၌ ကိုးကွယ်စရာ ရုပ်တုအဖြစ် ထားလေ့ရှိသည်။ ထိုရုပ်တုများကို တေရပ်ရုပ်တု (Teraphim) ဟု ခေါ်သည်။ ထိုရုပ်တုများသည် အိမ်ကိုကာကွယ်ပြီး လိုအပ်သော အချိန်၌ အကြံကိုပေးမည်ဟု ထင်မြင်ခဲ့ကြသည်။ ထိုရုပ်တုများသည် တရားရေးရာအရ အရေးပါမှုရှိသည်။ ထိုရုပ်တုကို ဆက်ခံရသော သူသည် မိသားစုဥစ္စာ အများဆုံးကို တရားဝင် တောင်းဆိုခွင့်ရှိသည်။ ထိုကြောင့်လည်း လာဗန်သည် သူ၏ရုပ်တု ပျောက်နေသည်ကို သိသောအခါ၌ စိတ်ပူပန်ခဲ့သည် (၃၁း၃၀)။ ထိုရုပ်တုကို ရာခေလက ခိုးယူခြင်း ဖြစ်နိုင်သည်။ လာဗန်က ထိုရုပ်တုကို တိုင်ပင်ပြီး သူတို့ မည်သည့် အရပ်ကို သွားကြောင်းကို သိရှိမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေမည်။ သို့မဟုတ် သူမသည် မိသားစုပိုင် ဥစ္စာများကို တောင်းယူ လို၍လည်း ဖြစ်နိုင်သည်။

Continue… » »


❮ Prev . . . ၂၉ ၃၀ အခန်းကြီး ၃၁ ၃၂ ၃၃ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.