❮ Prev . . . ၃၉ ၄၀ အခန်းကြီး ၄၁ ၄၂ ၄၃ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၁
၄၁း၁၄ မထင်မှတ်သော အချိန်၌ အရေးကြီးသော အခွင့်အရေး ဖြစ်ပေါ်တတ်သည်။ ယောသပ်အား အကျဉ်းခန်းမှ ဖါရောဘုရင် ရှေ့တော်သို့လျင်မြန်စွာ ခေါ်ဆောင်ခဲ့သည်။ သူ့၌ပြင်ဆင်ချိန် ရှိပါသလား။ ထိုသို့ခေါ်ဆောင်ခြင်း ခံရမည့် နိမိတ်လည်း မဖြစ်ပေါ်ခဲ့ပါ။ သို့သော် ယောသပ်သည် မည်သည့်အရာ၌ မဆို အစဉ် အဆင်သင့် ဖြစ်ရခြင်းမှာ ဘုရားသခင်နှင့် မှန်ကန်သော ဆက်ဆံရေးကြောင့် ဖြစ်သည်။ သူ၏ အသိတရားက အိမ်မက်၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရန် မကူညီခဲ့ပါ။ သူ၏ ဘုရားသခင်ကို သိသော အသိတရား ကြောင့်သာ ထိုသို့ဖြစ်ရသည်။ ဘုရားသခင်နှင့် နီးကပ်စွာရပ်ရင်း ဖြစ်ပေါ်လာမည့် အခွင့်အရေး အတွက် အဆင်သင့်ဖြစ်စေပါ။ သို့မှသာ ဘုရားသခင်သည် သင့်အား တာဝန်ပေးသော အခါ၌ သင်သည် အသင့်ဖြစ်မည်။
❮ Prev . . . ၃၉ ၄၀ အခန်းကြီး ၄၁ ၄၂ ၄၃ . . . ၅၀ ဒေသနာကျမ်း Next ❯