« Prev ကမ္ဘာဦးကျမ်း . . . အခန်းကြီး ၃ . . . ၁၂ Next »


« « မာတိကာ Table of Contents

ဒေသနာကျမ်း Ecclesiastes

အခန်းကြီး ၃

၃း၁၁ ‘လူ့စိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီး’ ဟူသော အဓိပ္ပါယ်မှာ ကျွန်ုပ်တို့သည် လောကီအရာ လုပ်ဆောင်မှု တို့အားဖြင့် မည်သို့သော အခါ၌မျှ လုံးဝကျေနပ် နှစ်သိမ့်မှုကို ရရှိနိုင်မည် မဟုတ်ပါ။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားသည်ဖြစ်၍

(၁) ကျွန်ုပ်တို့၌ ဝိညာဉ်ရေးရာ ဆာလောင်မှု ရှိသည်။
(၂) ထာဝရတန်ဖိုး ရှိသည်။
(၃) ထာဝရဘုရားရှင် သာလျှင် စစ်မှန်သော နှစ်သိမ့်မှုကို ပေးနိုင်သည်။

ကျွန်ုပ်တို့ အတွင်း၌ ပြီးပြည့်စုံသော ကမ္ဘာအား လွန်စွာတောင့်တမှုကို ဘုရားသခင်မှ ထည့်သွင်းထားခဲ့သည်။ ထိုသို့သော ကမ္ဘာကို ဘုရားသခင် အုပ်စိုးသော အချိန်၌သာ တွေ့ရှိနိုင်သည်။ သူသည် ကျွန်ုပ်တို့အား ဖန်ဆင်းခြင်း၏ ပြည့်စုံမှုကို အရိပ်အယောင် တစိတ်တဒေသကို ရှုမြင်ခြင်းသာဖြစ်ပြီး ကျွန်ုပ်တို့သည် အနာဂတ် ကာလကို မမြင်နိုင်သေးပါ။ အရာအားလုံးကို နားလည်နိုင်မည်လည်း မဟုတ်သေးပါ။ ထို့ကြောင့် ဘုရားသခင်ကို အကျွန်ုပ်တို့သည် ယခုအခါ၌ ယုံကြည်စိတ်ချပြီး ကျွန်ုပ်တို့အား ကမ္ဘာကြီး၌ ဘုရားသခင်မှ ပေးအပ်ထားသော လုပ်ဆောင်ဖွယ်ရာ များကို လုပ်ဆောင်ရမည်ဖြစ်သည်။

Continue… » »


« Prev ကမ္ဘာဦးကျမ်း . . . အခန်းကြီး ၃ . . . ၁၂ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.