« Prev ကမ္ဘာဦးကျမ်း . . . အခန်းကြီး ၃ . . . ၁၂ Next »


« « မာတိကာ Table of Contents

ဒေသနာကျမ်း Ecclesiastes

အခန်းကြီး ၃

. . . ဆက်လက် (Continue)

၃း၁၆ ဘုရားသခင်မှ ကမ္ဘာကြီးအား ထိန်းချုပ်ထားမှုနှင့် ပတ်သက်၍ မြောက်မြားစွာသော ထင်ရှားသည့် သံသယဝင်စရာ အကြောင်းအရာများကို ရှောလမုန်မှ ဖော်ပြခဲ့သည်။

(၁) တရားစီရင်ရာ အရပ်၌ အဓမ္မအမှု ရှိနေခြင်း (၃း၁၆-၁၇)
(၂) ဘုရားသခင်၏ သဏ္ဍာန်တော်နှင့် အညီ ဖန်ဆင်းထားသော လူတို့သည် တိရစ္ဆာန် ကဲ့သို့ပင် သေဆုံးကြရခြင်း (၃း၁၈-၂၁)
(၃) ညှင်းဆဲခံရသူများကို မည်သူကမျှ ဖြေသိမ့်မှု မပေးကြခြင်း (၄း၁-၃)
(၄) သူတပါးအား မနာလို ငြူစူခြင်းဖြင့် လူတို့အား လှုံ့ဆော်မှုကိုပေးနေခြင်း (၄း၎-၆)
(၅) လူတို့သည် အထီးကျန် ဖြစ်နေကြခြင်း (၄း၇-၁၂)
(၆) လုပ်ဆောင်မှုများအတွက် အသိအမှတ်ပြု ခံရခြင်းသည် တခဏသာဖြစ်ခြင်း (၄း၁၃-၁၆)

အထက်ပါ သံသယပွားစရာ အကြောင်းအချက်များအား ဘုရားသခင်၌ မယုံကြည်ရန်အတွက် ချွင်းချက်အဖြစ် အလွယ်တကူ အသုံးပြုတတ်ကြသည်။ သို့သော် ရှောလမုန်မှ ကျွန်ုပ်တို့သည် အသက်တာ၏ ပြဿနာများကို ရိုးသားစွာရှုမြင်ပြီး ယုံကြည်ခြင်းကို ဆက်လက်ထိန်းသိမ်း ထားနိုင်ကြောင်း ပြသရန်အတွက် (ယင်းအကြောင်းအချက်များအား) အသုံးပြုခဲ့သည်။ ဤဘဝအသက်တာတွင် ဖြစ်သင့်သည်ကို မဖြစ်စေကာမူ ကျွန်ုပ်တို့သည် ဘုရားသခင်အပေါ် မဝေဖန်၊ မစီရင်ထိုက်ပါ။ အဘယ်ကြောင့်ဆိုသော် အရာအားလုံးကို ကျွန်ုပ်တို့သည် မသိနိုင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏ အစီအမံမှာ ကျွန်ုပ်တို့အား သူနှင့်အတူတကွ အစဉ်အမြဲ နေထိုင်ရန်ဖြစ်သည်။ ထို့ကြောင့် ထာဝရတည်ရှိမည့်တန်ဖိုးအား မျက်မှောက်ပြု အသက်ရှင်ပါ။ ဖန်ဆင်းရှင်သည် တစ်နေ့သောအခါ၌ သံသယပွားစရာအားလုံးတို့ကို ရှင်းလင်းစေလိမ့်မည်ဟု အသိတရားထားရှိကြပါစို့ (၁၂း၁၄)။

Continue… » »


« Prev ကမ္ဘာဦးကျမ်း . . . အခန်းကြီး ၃ . . . ၁၂ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.