« Prev ကမ္ဘာဦးကျမ်း . . . အခန်းကြီး ၅ . . . ၁၂ Next »


« « မာတိကာ Table of Contents

ဒေသနာကျမ်း Ecclesiastes

အခန်းကြီး ၅

၅း၁၀-၁၁ ကျွန်ုပ်တို့၌ ရှိသော အရာထက် ပို၍လိုလား တောင့်တကြသည်။ ရှောလမုန် (Solomon) လေ့လာတွေ့ရှိ ချက်မှာ ငွေကိုချစ်သောသူနှင့် ငွေနောက်သို့စွဲမြဲစွာ လိုက်နေသော သူတို့အား ငွေမှပေးသော ပျော်ရွှင်မှုကို မည်သည့်အခါမျှ မတွေ့ရှိခြင်းဖြစ်သည်။ ချမ်းသာကြွယ်ဝမှုသည် တံစိုးလက်ဆောင် လိုချင်သောသူများ၊ သူခိုးများအား ဆွဲဆောင်လေ့ရှိကြ၍ အိပ်မပျော်ခြင်း၊ ကြောက်ရွံ့ခြင်းများကိုပင် ဖြစ်စေသည်။ အဆုံး၌လည်း ပျက်စီးခြင်း၌သာ အဆုံးသတ်ကြရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာတို့သည် ကျွန်ုပ်တို့ သေဆုံးသော အခါ၌ ထားရစ်ခဲ့ရမည်ဖြစ်သည် (မာကု ၁၀း၂၃-၂၅၊ လုကာ ၁၂း၁၆-၂၁)။ သင်သည် မည်မျှပင် ဝင်ငွေရှိစေကာမူ သင်၏ပျော်ရွှင်ခြင်းကို ပစ္စည်းဥစ္စာ စုဆောင်းခြင်းအားဖြင့် ဖန်တီးလျှင် မည်သည့်အခါမျှ လုံလောက်စွာရှိမည် မဟုတ်ပါ။ ငွေကြေးသည် မကောင်းသောအရာ မဟုတ်သော်လည်း ငွေကိုချစ်ခြင်းသည် အမျိုးမျိုးသော အပြစ်ပြုခြင်းသို့ ဦးတည်စေသည်။ သင်၏ ငွေကြေးအခြေအနေမှာ မည်သို့ပင်ရှိစေကာမူ သင်၏ပျော်ရွှင်မှုအား ဖန်တီးရန်အတွက် ငွေကိုအမှီမပြုပါနှင့်။ ထိုသို့ပြုမည့်အစား သင်၌ရှိသည့်အရာကို ဘုရားသခင်အတွက် အသုံးပြုပါ။

Continue… » »


« Prev ကမ္ဘာဦးကျမ်း . . . အခန်းကြီး ၅ . . . ၁၂ Next »

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.