« Prev ကမ္ဘာဦးကျမ်း . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၆
၆း၆ ‘အလုံးစုံတို့သည် တစ်ခုတည်းသော အရပ်သို့ သွားရကြသည် မဟုတ်လော’ ၏ ဆိုလိုချက်မှာ လူတိုင်း သေဆုံးကြရမည် ဖြစ်သည်။
၆း၉ ‘လောဘပြန့်ပွားခြင်း’ ၏ ဆိုလိုချက်မှာ ကျွန်ုပ်တို့၌ မရှိသော အရာများအား စိတ်ကူးယဉ် တပ်မက်တောင့်တခြင်းအားဖြင့် အချိန်အလဟသ ကုန်လွန်စေခြင်းကို ဆိုလိုသည်။
၆း၁၀ ဘုရားသခင်သည် ဖြစ်ပျက်သော အရာအားလုံးကို သိရှိတော်မူပြီး လမ်းပြတော်မူလျက်ရှိသည်။ အချိန်ကာလတို့သည် ထိန်းချုပ်မှုမှ လွတ်ကင်းနေသောသဏ္ဍာန် ရှိနေစေကာမူ ဘုရားသခင်သည် ကျွန်ုပ်တို့ အသက်တာအား လုံးဝထိန်းချုပ်ထား လျက်ရှိသည်။ အရာအားလုံးကို သိသော အနာဂတ်ကာလကို မြင်နိုင်သော ဖန်ဆင်းရှင်အား ဆန့်ကျင်စွာပြုမူခြင်း အမှုသည် ရူးသွပ်သောအမှု ဖြစ်သည် (ယေရမိ ၁၈း၆၊ ရောမ ၉း၁၉-၂၄)။
« Prev ကမ္ဘာဦးကျမ်း . . . ၄ ၅ အခန်းကြီး ၆ ၇ ၈ . . . ၁၂ Next »