« Prev ကမ္ဘာဦးကျမ်း . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၇
၇း၁၄ ဘုရားသခင်သည် လူတိုင်းတို့အား ကောင်းသော အချိန်များနှင့် ခက်ခဲသော အချိန်များကို ဖြစ်ပေါ်ခံစားစေသည်။ ကျွန်ုပ်တို့ အသက်တာ၌ ထိုကဲ့သို့ ရောနှော ဖြစ်ပေါ်ခြင်းသည် ကျွန်ုပ်တို့၏ အနာဂတ်ကို မမျှော်မှန်းနိုင်ရန် ကျွန်ုပ်တို့ အသိဥာဏ် စွမ်းဆောင်နိုင်မှု အပေါ်၌ စိတ်ချမှု မရှိနိုင်လောက်အောင် ဖြစ်ပေါ်စေရန်ဖြစ်သည်။ ကျွန်ုပ်တို့သည် ကောင်းသော အချိန်များ၌ ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့ အမွန်းတင်ကြသည်။ ဆိုးဝါးခက်ခဲသော အချိန်များ၌မူ ထိုအခက်အခဲများမှ ထွက်ပေါ်လာမည့် ကောင်းသောအရာများ အတွက်၊ ကျေးဇူးတင်မည့် ခက်ခဲမှုများအတွက် ဘုရားသခင်အား အပြစ်တင်ဝေဖန် တတ်ကြသည်။ အသက်တာ၌ လုံခြုံမှု၊ ထိန်းချုပ်နိုင်မှု ရှိသော အချိန်များတွင် မိမိကိုယ်မိမိ ကျေနပ်မှု မဖြစ်ပေါ်ပါစေနှင့်။ မိမိကိုယ်မိမိ ကျေနပ်နေခြင်းသည် အလွန်အမင်း သက်တောင့်သက်သာမှုကို ဖြစ်ပေါ်စေပြီး ဘုရားသခင်သည် အခက်အခဲမှုများဖြင့် သင့်အား သူ့ထံသို့ ပြန်လည်ဦးတည်ရန် ဆောင်ရွက်ပေးလိမ့်မည်။ အသက်တာ၌ မရေမရာမှု၊ ထိန်းချုပ်နိုင်မှု ကင်းမဲ့သကဲ့သို့ရှိသော အချိန်များတွင် စိတ်ပျက်အားလျော့ခြင်း မဖြစ်ပေါ်ဘဲ ဘုရားသခင်မှ အရာအားလုံး ထိန်းချုပ်ထားကြောင်းကိုသိပါ။ ခက်ခဲသော အချိန်များမှ ကောင်းသော အကျိုးအမြတ်များ ဖြစ်ပေါ်လာလိမ့်မည်ကိုသိရှိပါ။
« Prev ကမ္ဘာဦးကျမ်း . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၂ Next »