❮ မာတိကာ ရောမဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၂ သက်သာလောနိတ် Next ❯


« « မာတိကာ Table of Contents

သက်သာလောနိတ် ဩဝါဒစာ (ပထမစောင်)
1 Thessalonians

နိဒါန်း Introduction

ရည်ရွယ်ချက်

သက်သာလောနိတ်မြို့(Thessalonica) သား ခရစ်ယာန်များ၏ ယုံကြည်ခြင်းအား ခိုင်မာစေရန်နှင့် ခရစ်တော် ဒုတိယအကြိမ်ကြွလာခြင်းအတွက် စိတ်ချမှုကိုဖြစ်စေရန်။

ကျမ်းစာရေးသားသူ

ပေါလု (Paul)

ရည်ညွှန်းရေးသားသူ

သက်သာလောနိတ် (Thessalonians) အသင်းတော်နှင့် နေရာ အနှံ့အပြားရှိ ယုံကြည်သူများ အားလုံးထံသို့။

ရေးသားချိန်

အေဒီ ၅၁ (A.D. 51)၊ ကောရိန္တုမြို့ (Corinth)၊ ပေါလု၏ အစောဆုံး ရေးသားခဲ့သည့် စာများ၌ ဤစာသည် ပါဝင်သည်။ သမိုင်းနောက်ခံ သက်သာလောနိတ် အသင်းတော်သည် လွန်စွာနုနယ်ပြီး ဤစာ မရေးသားမီ ၂နှစ်၊ ၃နှစ်အချိန်၌ အစပြုခဲ့သည်။ သက်သာလောနိတ် ခရစ်ယာန်တို့သည် သူတို့၏ ယုံကြည်ခြင်း၌ ရင့်ကျက်ရန်လိုသည်။ ထို့အပြင် ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်၍ နားလည်မှားမှုများ ရှိနေခဲ့သည်။ အချို့တို့က ခရစ်တော်သည် ယခုချက်ချင်း ပြန်ကြွလာမည်ဟု ယူဆကြသောကြောင့် သူတို့၏ ချစ်မြတ်နိုးသော သူများ သေဆုံးသော အခါ၌ သူတို့၌ ရှုပ်ထွေးမှုများ ဖြစ်လာရသည်။ ထို့အပြင် ယုံကြည်သူများသည် နှိပ်စက် ညှင်းပန်းမှုများကို ခံနေကြရသည်။

အဓိကကျမ်းပိုဒ်

ယေရှု (Jesus) သည် သေပြီးမှ တဖန် ထမြောက်တော်မူ သည်ကို ငါတို့သည် ယုံလျှင် ထိုနည်းတူ ယေရှု၌ အိပ်ပျော်သော သူတို့ကိုလည်း ထိုသခင်နှင့် အတူ ဘုရားသခင် ပို့ဆောင်တော်မူ လိမ့်မည် (၄း၁၄)။

အဓိကပုဂ္ဂိုလ်များ

ပေါလု (Paul)၊ တိမောသေ (Timothy)၊ သိလွှာနု (Silas)

အဓိကနေရာ

သက်သာလောနိတ်မြို့ (Thessalonica)

ထူးခြားချက်များ

ပေါလုသည် တိမောသေထံမှ သက်သာလောနိတ်မြို့နှင့် ပတ်သက်သော ကောင်းမွန်သည့် အစီရင်ခံချက်ကို လက်ခံရရှိခဲ့သည်။ ထိုသူတို့၏ ရှင်ပြန်ထမြောက်ခြင်း၊ ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်းနှင့် ပတ်သက်၍ မှားယွင်းသော အယူအဆများကို ပြင်ရန်အတွက် ပေါလုသည် ဤစာကို ရေးသားရခြင်းဖြစ်သည်။

အခြေခံအချက်

၁။ ဘုရားရှင်အား သစ္စာရှိခြင်း (၁း၁ – ၃း၁၃)
၂။ ဘုရားရှင်အား မျှော်လင့်စောင့်စားခြင်း (၄း၁ – ၅း၂၈)

ပေါလုနှင့် အပေါင်းအဖော်တို့သည် ညှင်းပန်းနှိပ်စက်မှုများ ကြားမှပင် ဧဝံဂေလိ (Gospel) သတင်းကောင်းကို သစ္စာရှိစွာဖြင့် ဟောပြောကြ၏။ သက်သာလောနိတ်မြို့သားတို့သည် ခရစ်ယာန်များ ဖြစ်လာကြသည်မှာ မကြာသေးသော်လည်း တမန်တော်များ သူတို့နှင့်အတူ မရှိစဉ်၌ပင် သူတို့သည် ဘုရားရှင်အား သစ္စာရှိကြသည်။ ထိုကဲ့သို့ပင် လူအချို့တို့သည် ဘုရားရှင်၏ စကားတော်ကို ကျွန်ုပ်တို့ထံသို့ သစ္စာရှိစွာ ဆောင်ခဲ့ကြပြီးဖြစ်သည်။ ကျွန်ုပ်တို့ မှ ဆက်လက်၍ သစ္စာရှိရန်နှင့် ခရစ်တော်သည် မည်သည့် အချိန်၌မဆို ပြန်လာလိမ့်မည် ဖြစ်ကြောင်းကို မျှော်လင့်ခြင်းဖြင့် အသက်ရှင်ရန် လိုအပ်သည်။

Continue… » »


❮ မာတိကာ ရောမဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ၂ သက်သာလောနိတ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.