❮ Prev . . . ၃၃ ၃၄ အခန်းကြီး ၃၅ ၃၆ ၃၇ . . . ၅၀ ဒေသနာကျမ်း Next ❯


« « မာတိကာ Table of Contents

ကမ္ဘာဦးကျမ်း Genesis

အခန်းကြီး ၃၅

၃၅း၂  လူတို့သည် ထိုရုပ်ထုကလေးများကို အဘယ်ကြောင့် ထားရှိကြသနည်း။ ထိုရုပ်ထုကလေးများကို ဘုရားအဖြစ်ထက် ကောင်းသော ကံကြမ္မာကို ပေးသည့်အရာများအဖြစ် ထင်မြင်ခဲ့သည်။ ဣသရေလ (Israel) လူအချို့တို့သည် ဘုရားသခင်အား ကိုးကွယ်ကြသော်လည်း သူတို့အိမ်၌ ထိုရုပ်ထုကလေးများကို ထားရှိကြသည်။ ယခုအချိန်၌လည်း အချို့သော ခရစ်ယာန်တို့သည် ကောင်းသောအကျိုးအတွက် အဆောင်အယောင် ထားရှိသကဲ့သို့ ဖြစ်သည်။ ထိုကဲ့သို့ ရုပ်ထုများသည် သူ၏အိမ်၌ နေရာမရှိကြောင်းကို ယာကုပ် (Jacob) ယုံကြည်သည်။ သူ၏မိသားစု ဝိညာဉ်ရေးအာရုံပြုမှုကို မည်သည့်အရာကမျှ လွှဲပြောင်းမှု မဖြစ်စေလိုပါ။

ယာကုပ်သည် သူ၏ မိသားစုဝင် များအား ရုပ်ထုများကို ဖယ်ရှားပေးခဲ့သည်။ ကျွနု်ပ်တို့ အသက်တာ၌လည်း ထိုကဲ့သို့သော အရာများကို မဖယ်ရှားခဲ့လျှင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ပျက်စီးစေနိုင်သည်။ သင်၌မည်သို့သော ရုပ်ထုများ ဘုရားများရှိပါသနည်း။ ဘုရားသခင်ထက် သင်ပို၍ အရေးထားသော အရာများသည် သင်၏ဘုရားများ၊ ရုပ်ထုများဖြစ်သည်။ ကျွန်ုပ်တို့ စဉ်းစားသော၊ တပ်မက်သော အရာများသည်လည်း ကျွန်ုပ်တို့၏ ဘုရားများဖြစ်လာသည်။ ယာကုပ် ကဲ့သို့ပင် ကျွန်ုပ်တို့နှင့် ဘုရားသခင်အကြား ရှိသော မည်သည့် အရာကိုမဆို ဖယ်ရှားရပေမည်။

Continue… » »


❮ Prev . . . ၃၃ ၃၄ အခန်းကြီး ၃၅ ၃၆ ၃၇ . . . ၅၀ ဒေသနာကျမ်း Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.