❮ Prev . . . ၃၄ ၃၅ အခန်းကြီး ၃၆ ၃၇ ၃၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၃၆
၃၆း၉ ဧဒုံ (Edom) အမျိုးသားတို့သည် ဧသော (Esau) ၏ အမျိုးအနွယ် ဆက်များဖြစ်ပြီး ပင်လယ်သေ (Dead Sea) ၏ အရှေ့တောင်ဘက်၌ နေထိုင်ခဲ့သည်။ ထိုဒေသ၌ တောင်များ၊ တောများရှိသည်။ လမ်းမကြီးများသည် ဧဒုံမြို့ကို ဖြတ်သွားသည်။ ထိုနေရာ၌ သယံဇာတ ကြွယ်ဝသည်။ ဣသရေလ (Israel) လူမျိုးတို့ တောလည်ချိန်၌ ဧဒုံလူမျိုးတို့အား မနှောင့်ယှက်ရန် ဘုရားသခင်မှ ဣသရေလ လူမျိုးတို့အား ပြောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ဆွေမျိုးများဖြစ်ကြသည်။ ဧဒုံအမျိုးသားတို့သည် ဣသရေလတို့အား မြို့တွင်းသို့ ဝင်ရောက်ခွင့် မပြုခဲ့ပေ။ နောက်ပိုင်း၌ သူတို့သည် ဒါဝိဒ်မင်း (King David) ၏ ခါးသီးသော ရန်သူများ ဖြစ်လာခဲ့သည်။ ဧဒုံလူမျိုးနှင့် ဣသရေလလူမျိုးတို့သည် ဣဇာက် (Isaac) မှ ဆင်းသက်လာပြီး အိမ်နီးချင်းများဖြစ်သည်။ ဣသရေလ လူမျိုးတို့သည် ဧဒုံလူမျိုးတို့အား အထင်သေးသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခါနာန် (Canaan) လူမျိုးတို့နှင့် အိမ်ထောင်ပြု၍ ဖြစ်သည်။
❮ Prev . . . ၃၄ ၃၅ အခန်းကြီး ၃၆ ၃၇ ၃၈ . . . ၅၀ ဒေသနာကျမ်း Next ❯