❮ Prev . . . ၃၈ ၃၉ အခန်းကြီး ၄၀ ၄၁ ၄၂ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၀
၄၀း၁-၃ ဖလားတော်ဝန် (Chief cupbearer) နှင့် စားတော်ဝန် (Chief baker) တို့သည် ဖါရော (Pharaoh) ဘုရင်၏ ယုံကြည်မှု အရှိဆုံးသူ နှစ်ဦးဖြစ်သည်။ စားတော်ဝန်သည် ဖါရောဘုရင် အတွက် စားစရာကိုပြင်ပြီး ဖလားတော်ဝန်သည် ဖါရောဘုရင် စားသောက်မည့် အစာရေစာများကို မြည်းစမ်းသည်။ အစာရေစာ၌ အဆိပ်ခပ်မည်ကို စိုးရိမ်၍ဖြစ်သည်။ ထိုယုံကြည်ရဆုံး ဝန်နှစ်ဦးသည် ကြီးမားသော မှားယွင်းမှု (ဖါရောမင်းကို ပုန်ကန်မှု၌ ပါဝင်မှု) ကြောင့်သာ အကျဉ်းချခံရခြင်း ဖြစ်ပေမည်။ နောက်ပိုင်း၌ ဖလားတော်ဝန်သည် အကျဉ်းမှ လွှတ်ခြင်းခံရပြီး စားတော်ဝန်မှာ ကွပ်မျက်ခြင်းကို ခံရသည်။
❮ Prev . . . ၃၈ ၃၉ အခန်းကြီး ၄၀ ၄၁ ၄၂ . . . ၅၀ ဒေသနာကျမ်း Next ❯