❮ Prev . . . ၄၄ ၄၅ အခန်းကြီး ၄၆ ၄၇ ၄၈ . . . ၅၀ ဒေသနာကျမ်း Next ❯
ကမ္ဘာဦးကျမ်း Genesis
အခန်းကြီး ၄၆
၄၆း၃-၄ ဣသရေလ (Israel) လူမျိုးတို့သည် ကြီးမြတ်သော တိုင်းနိုင်ငံကို တည်ထောင်ခဲ့ပြီး ယာကုပ် (Jacob) ၏ မျိုးနွယ်ဆက် များသည် နောက်ဆုံး၌ ခါနာန်ပြည် (Canaan) သို့ ပြန်ခဲ့သည်။ ထွက်မြောက်ရာကျမ်း (Exodus) သည် အီဂျစ်ပြည် (Egypt) ၌ ဣသရေလ လူမျိုးတို့ နှစ်ပေါင်း (၄၀၀) ကြာအောင် ကျွန်အဖြစ်အသက်ရှင် ရခြင်းကို ပြန်လည် သုံးသပ်ထားသည်။ (အာဗြဟံ (Abraham) အား ပြောသည့် ဘုရားသခင်၏ စကား ပြည့်စုံခြင်းဖြစ်သည်။ ၁၅း၁၃-၁၆)။ ယောရှု (Joshua) မှတ်စာသည် ဣသရေလလူမျိုးတို့ ခါနာန်ပြည်အား ဝင်ရောက်သိမ်းပိုက်ခြင်းကို ဖေါ်ပြထားသည်။ ခါနာန်ပြည်သည် သူတို့အတွက် ကတိတော်ထားရာ ပြည်ဖြစ်သည်။
❮ Prev . . . ၄၄ ၄၅ အခန်းကြီး ၄၆ ၄၇ ၄၈ . . . ၅၀ ဒေသနာကျမ်း Next ❯