« Prev ကမ္ဘာဦးကျမ်း နိဒါန်း အခန်းကြီး ၁ ၂ ၃ . . . Next »
ဒေသနာကျမ်း Ecclesiastes
အဓိပ္ပါယ်ဖွင့်ဆိုချက် Definitions
ရှာဖွေခြင်း
ရှင်းလင်းချက်
ရှောလမုန် (Solomon) မှ ကျေနပ်နှစ်သိမ့်မှုကို ရှာဖွေခဲ့ပုံမှာ သိပ္ပံနည်းကျသော သုတေသနပြု ရှာဖွေမှုတစ်ခု ပြုသကဲ့သို ဖြစ်ခဲ့သည်။ ဘုရားသခင် ကင်းမဲ့သော အသက်တာသည် ရှည်လျားပြီး အသီးအပွင့် ကင်းမဲ့သော ပျော်ရွှင်မှုဘဝ အဓိပ္ပါယ်နှင့် ကြွယ်ဝခြင်းများကို ရှာဖွေခြင်းသာဖြစ်ကြောင်း တွေ့ရှိလာသည်။ စစ်မှန်သော ပျော်ရွှင်မှုကို ရှာဖွေစုဆောင်း နိုင်သော အင်အားမှာ ကျွန်ုပ်တို့၌ မရှိပါ။
အရေးပါမှု
လူတို့သည် ယခုအချိန်၌ ကျေနပ်မှုကို ရှာဖွေ နေကြသည်။ ပို၍ရှာဖွေ ကြလေလေ သူတို့၌ နည်းပါးစွာရှိကြောင်း ပို၍ သိရှိလာလေလေ ဖြစ်သည်။ စစ်မှန်သော သာယာမှု၊ ပျော်ရွှင်မှုတို့သည် ဘုရားသခင် မပါရှိလျှင် မဖြစ်ပေါ်နိုင်ပါ။ ကျွန်ုပ်တို့သည် ဘုရားသခင်အား သိရှိရန်နှင့် ချစ်တတ်ရန်အတွက် အရာအားလုံးအား ကြိုးပမ်းသည်ထက် ပို၍ ကြိုးပမ်းသင့်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ရှိနေပြီးဖြစ်သည့် အရာများထက် အစဉ်ပို၍ အလိုရှိကြသည်။ ထို့အပြင် ကျွန်ုပ်တို့ မထိန်းချုပ်နိုင်သော အခြေအနေများသည် ကျွန်ုပ်တို့ ပိုင်ဆိုင်ရရှိ ထားသော အရာများကို ကျွန်ုပ်တို့ထံမှ ယူဆောင်သွားနိုင်သည်။ ဘုရားသခင်သည် ပိုင်းခြားနိုင်သော ဥာဏ်ပညာ၊ အသိပညာနှင့် စိတ်ချမ်းသာမှုကို ပေးနိုင်သော အရှင်ဖြစ်သည်။