❮ Prev ရောမဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ . . . ၅ ၂ သက်သာလောနိတ် Next ❯
သက်သာလောနိတ် ဩဝါဒစာ (ပထမစောင်)
1 Thessalonians
အဓိပ္ပါယ်ဖွင့်ဆိုချက်များ
ညှင်းပန်းနှိပ်စက်ခြင်း
ရှင်းလင်းချက်
ပေါလု (Paul) နှင့်အသစ်သော သက်သာလောနိတ်မြို့သား (Thessalonians) ခရစ်ယာန်တို့သည် သူတို့၏ ခရစ်တော်၌ ယုံကြည်ခြင်းနှင့်အတူ ညှင်းပန်းနှိပ်စက်ခြင်းကို ခံရသည်။ ကျွန်ုပ်တို့သည်လည်း စုံစမ်းမှုများ၊ အခက်အခဲများကို တွေ့နိုင်သည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အချိန်များတွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်း၌ ခိုင်မာစွာရပ်တည်လျက် သန့်ရှင်းသော ဝိညာဉ်တော်၏ ခွန်အားပေးမှုကို ရယူပါ။
အရေးပါမှု
သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့မှ ညှင်းပန်းနှိပ်စက်မှုများ၊ သတ်ဖြတ်မှုများ၊ ဖိနှိပ်မှုများကို ခံရစဉ်တွင် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို ဆက်လက်ခိုင်မြဲရန် အခြားယူများအား အမှန်တကယ် ချစ်နိုင်ရန် ကျွန်ုပ်တို့၏ ကိုယ်ကျင့်တရားများကို ဆက်လက် ထိန်းသိမ်းနိုင်ရန် ကူညီသည်။
ပေါလု၏သာသနာပြုလုပ်ငန်း
ရှင်းလင်းချက်
ပေါလုသည် မမှန်မတရား စွပ်စွဲမှုကို ခံရနေချိန်၌ပင် ဤအသင်းတော် အတွက် စိုးရိမ်မှု ရှိကြောင်း ဖော်ပြခဲ့သည်။ ခက်ခဲသော အချိန်များ၌ပင် သတင်းကောင်းကို ဖြန့်ဝေရန်အတွက် ပေါလု၏ ဆက်ကပ်မှုကို ကျွန်ုပ်တို့မှ စံပြုကာ ထိုအတိုင်း လိုက်လျှောက်သင့်သည်။
အရေးပါမူ
ပေါလုသည် သတင်းကောင်းကို ဟောပြောသည် မဟုတ်ဘဲ သူ၏ ကိုယ်ကို ထိုအတွက် ပေးအပ် ထားသည်။ ကျွန်ုပ်တို့ သည်လည်း သာသနာ ပြုလုပ်ငန်းများကို လုပ်ကိုင်နေစဉ်တွင် ပေါလုကဲ့သို့ သစ္စာရှိစွာ၊ ရဲရင့်စွာ၊ အခြားသူတို့၏ လိုအပ်ချက်များကို သတိပြုကာ မိမိကိုယ်ကို လုံးဝဆက်ကပ် အပ်နှံလျက် လုပ်ဆောင်ရမည်။
မျှော်လင့်ခြင်း
ရှင်းလင်းချက်
တစ်နေ့၌ အသက်ရှင်လျက်ရှိသော ယုံကြည်သူများ၊ သေဆုံးပြီးသော ယုံကြည်သူများ တို့သည် ခရစ်တော်နှင့်အတူ ပြန်လည်ဆုံဆည်း ကြရမည်။ ခရစ်တော် မကြွလာမီ သေဆုံးခဲ့သော ခရစ်ယာန်တို့အတွက် မျှော်လင့်စရာမှာ ကိုယ်ခန္ဓာ ရှင်ပြန်ထမြောက် ခြင်းဖြစ်သည်။
အရေးပါမူ
ကျွန်ုပ်တို့သည် ခရစ်တော်၌ ယုံကြည်လျှင် သူနှင့်အတူ အစဉ်နေရ ကြလိမ့်မည်။ ခရစ်တော် ဒုတိယအကြိမ် ကြွလာသော အခါတွင် သမိုင်းကြောင်း တလျှောက်၌ ရှိသော ယေရှုနှင့် စပ်ဆိုင်သောသူ အားလုံးတို့သည် သူနှင့်အတူ ရှိလိမ့်မည်။ ကျွန်ုပ်တို့ကို ချစ်ခင်မြတ်နိုး ရသော သူသည် ယုံကြည်သူ ဖြစ်ပါလျှင် ထိုသူနှင့် ကျွန်ုပ်တို့သည် ထိုအချိန်၌ ပြန်လည် ဆုံတွေ့ရပေမည်။
ပြင်ဆင်လျက်ရှိကြလော့
ရှင်းလင်းချက်
မည်သူမျှ ခရစ်တော် ပြန်လည်ကြွလာမည့် နေ့ရက်ကို မသိနိုင်ပါ။ ကျွန်ုပ်တို့သည် အကျင့်စာရိတ္တပြည့်စုံ၍ သန့်ရှင်းသော အသက်တာ၌ အသက်ရှင်ပြီး ပြန်လည်ကြွလာခြင်းကို စောင့်မျှော်လျက်နေရမည်။ မိမိတို့၌ ရှိသော တာဝန်များကို မျက်ကွယ် ပြုထားရမည် မဟုတ်ဘဲ၊ ဘုရားရှင်၏ စိတ်တော်နှင့်တွေ့သော လုပ်ဆောင်မှု၊ အသက်တာနှင့် ဆက်လက် ရှင်သန်ရပေမည်။
အရေးပါမူ
ဧဝံဂေလိ သတင်းကောင်းအား ကျွနု်ပ်တို့မှ ယုံကြည်သည် သာမက ထိုသတင်းကောင်း အတိုင်း ကျွန်ုပ်တို့ အသက်ရှင်ရမည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား သစ္စာရှိရန် လမ်းပြမည် ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် မှားယွင်းသော စိတ်ထား၊ လုပ်ဆောင်မှု များကို ရှောင်ရှားနိုင်မည်။ ခရစ်တော်သည် မည်သည့် အချိန်၌ မဆို ပြန်လည်ကြွလာတော်မူ နိုင်ကြောင်းကို သိရှိမျှော်လင့်လျက် အသက်ရှင်ပါ။ သင်သည် ထိုအချိန်ကို ပြင်ဆင်မှု မရှိဘဲ မတွေ့ကြုံရပါစေနှင့်။
❮ Prev ရောမဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ . . . ၅ ၂ သက်သာလောနိတ် Next ❯